DVB Logo
Home
မြန်မာသတင်း
တောင်ကျချောင်းရေ ကျစဉ် ဖြတ်ကူးသဖြင့် ယာဉ် ၂ စီးရေထဲမျော
DVB
·
October 10, 2015
တောင်ကျချောင်းရေ ကျစဉ် ဖြတ်ကူးသဖြင့် ယာဉ် ၂ စီးရေထဲမျော
1 / 7
Donate to DVB

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှာ အောက်တိုဘာ ၈ ရက် ည ၈ နာရီကျော်လောက်က တောင်ကျချောင်းရေကျနေစဉ် ဖြတ်ကူးခဲ့မှုကြောင့် မော်တော်ယာဉ်နှစ်စီး ရေထဲမျောပါသွားပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ် မင်းလဲသာရပ်ကွက်နေ ယာဉ်မောင်း မြင့်ထူး မောင်းနှင်လာတဲ့ HIJET 7H/----- အဖြူရောင်ယာဉ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းရွာ မိုင်တိုင်အမှတ်(၅၈/၁-၂) ကြားရှိ ကျွဲမင်းကျချောင်း ချောင်းရေကြီးနေချိန် ဖြတ်ကူးရာ မော်တော်ယာဉ်ဟာ ရေစီးနဲ့  ပေ ၁၀၀ လောက် မျောပါသွားပြီး ယာဉ်ပေါ်ပါ မင်ကွန်းရွာသူ ဒေါ်ယဉ်သိန်း (၄၆) နှစ်ဟာ ရေစီအတိုင်း မျောပါသွားခဲ့ပါတယ်။

ဒေါ်ယဉ်သိန်းကို အောက်တိုဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က နတ်မောက်မြို့နယ်၊ ကြက်လျှာကျေးရွာအနီး ချောင်းထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒီဗွီဘီဒေသခံ သတင်းထောက်က ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ည ၈ နာရီကျော် အချိန်လောက်ကလည်း အဲဒီနေရာမှာပဲ ယာဉ်မောင်း စိုးမြင့်ထွန်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ ချောင်းရေကြီးနေစဉ် ဖြတ်ကူးလို့ ချောင်းအလယ်အရောက် မော်တော်ယာဉ်စက်ရပ်သွားပြီး ရေစီးနဲ့ ဘေးတိုက်မျောပါသွားခဲ့ပါတယ်။

မော်တ်ာယာဉ်ပေါ်ပါ ခရီသည်တွေကို ဒေသခံပြည်သူတွေ၊ မီသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့ကြလို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ ကိုမြင့်ထူးကို ပြစ်မှုပုဒ်မ-၃၀၄ (က)၊ ကိုစိုးမြင့်ထွန်းကို ပြစ်မှုပုဒ်မ-၂၇၉ တို့နဲ့ နတ်မောက်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗိုလ်ပြည့် (တောင်တွင်းကြီး)

သတင်းဓာတ်ပုံ- ပေါ်ဦး (နတ်မောက်) / နတ်မောက်သားမြွေဟောက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013