DVB Logo
Home
မြန်မာသတင်း
ကယားတွင် တိုင်းရင်းသားပါတီအချို့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
DVB
·
October 9, 2015
ကယားတွင် တိုင်းရင်းသားပါတီအချို့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီတချို့နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ဆိုင်းဘုတ်တချို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ကယားလူမျိုးစု ဒီမိုကရေစီပါတီက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း စိုင်းနိုင်နိုင်ထွေးအပါအ၀င် ကိုယ်စားလှယ် ၄ ဦးရဲ့ မဲဆွယ်ဆိုင်းဘုတ်နဲ့  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ဆိုင်းဘုတ်တချို့ အဖျက်ခံခဲ့ရတယ်လို့ ဒေသခံ သတင်းထောက် ကိုပြည်ဟိန်းကျော်က ပြောပါတယ်။

“ကယားလူမျိုးစုပါတီ၊ ဒူးလေးပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းရဲ့ ဆိုင်းဘုတ်အဖျက်ခံခဲ့ရတယ်။ ဒီလွိုင်ကော်မြို့ပေါ်မှာပဲ ဖြစ်ကြတာများတယ်။ ပြီးတော့ နာနတ်တောတို့ ဒေါသမတို့ဘက်မှာ အဖျက်ခံရတာ ၁၀ ခုလောက်ရှိတယ်။”

လွိုင်ကော်မြို့နယ် လွိုင်လင်ကျေးရွာမှာလည်း  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဆိုင်းဘုတ် မနေ့တုန်းက အဖျက်ခံခဲ့ရသလို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးမျိုးမြင့်လွင်ရဲ့ ဆိုင်းဘုတ်လည်း ဖျက်ဆီးခံခဲ့ရ တယ်လို့လည်း ပြောပါတယ်။

ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲaက်ာမရှင် အရာရှိ ဆီကို တင်ပြမှုတွေရှိပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီယယ်က ပြောပါတယ်။

မဲဆွယ်ဆိုင်းဘုတ်တွေကို ဘယ်သူတွေက ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013