DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ရာထူးများ မသုံးရန် ညွှန်ကြား
DVB
·
October 9, 2015
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ရာထူးများ မသုံးရန် ညွှန်ကြား
Donate to DVB

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ညွှန်ကြားလာတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ရာထူးအဆင့်လိုက် မသုံးဘဲ အဖွဲ့ခေါင်းဆောင်အနေနဲ့ပဲသုံးဖို့ ညွှန်ကြားချက်တစောင် ထွက်ပေါ်လာပါတယ်။

အောက်တိုဘာ ၇ ရက်ရက်စွဲနဲ့ ဧရာဝတိတိုင်းအစိုးရအဖွဲ့က တိုင်းပြန်ဆက်နဲ့ တိုင်းသတင်းစာဆရာ အသင်းဥက္ကဋ္ဌတို့ထံ လိပ်မူပြီးပေးပို့တဲ့ အဲ့ဒီစာမှာ တိုင်းရင်းသား လက်နက်ကိုင်များ သတ်မှတ်ထားတဲ့ ရာထူးအဆင့် ဥပမာ ဗိုလ်ချုပ်ကြီး ရွက်စစ်၊ ဗိုလ်ချုပ်ဂွန်မော်လို့ သုံးနှုန်းဖော်ပြခြင်း မလုပ်ဖို့ ဖော်ပြပါရှိပါတယ်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က ဒီစာထုတ်တာမှန်ကြောင်း ပြောပေမယ့် အသေးစိတ်ပြောဖို့ ငြင်းပါတယ်။

စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြီးခဲ့တဲ့ စစ်တပ်နဲ့ကောင်စီ အလုပ်ရုံဆွေးနွေးပွဲမှာ တပ်ဘက်က ဒီကိစ္စ အလွတ်သဘောပြောတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“အလွတ်သဘောပြောတာတော့ ဥပမာ ဗိုလ်ချုပ်ကြီးလို့သုံးရင် ဘယ်တပ်မတော် တက္ကသိုလ်က သင်တန်းဆင်းခဲ့သလဲ၊ ဗိုလ်ချုပ်ကြီးလို့ သုံးရင် တပ်အင်အား ဘယ်လောက် ရှိရမယ်ပေါ့၊ နိုင်ငံတကာမှာဆို၊ အဲ့ဒါတွေအားလုံးနဲ့ ညီရဲ့လား၊ လူလေး နည်းနည်းပါးပါးနဲ့ ရာထူးကြီးတွေယူရင်ကော အဲ့ဒီရာထူးတွေက ညီရဲ့လားဆိုတာမျိုး ပြောတာတော့ ရှိတယ်။”

အဲ့ဒီလို မသုံးဖို့ ညွှန်ကြားချက်မျိုး စာနယ်ဇင်းကောင်စီထံ ရောက်မလာသေးဘူးလို့လည်း ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်ကတော့ မီဒီယာကို ဒီလို တားမြစ်ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

“လက်နက်ကိုင်တပ်ဖွဲ့တွေပဲဗျာ၊ သူတို့ သုံးခွင့် ရှိတာပေါ့။ ကျနော်တို့ မီဒီယာသမားက ကျင့်ဝတ်အရ ဘက်လိုက်ပြီး ရေးပေးတာလည်း မဟုတ်ဘူး။ ကျနော်တို့ကတော့ သုံးခွင့် ရှိတယ်လို့ ထင်တယ်။ သူတို့ကလည်း ဥပဒေအရ ပြောလို့ မရပါဘူး။”

လတ်တလော ပြည်တွင်းမီဒီယာတွေမှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးမယ့်သတင်းတွေ လှိုင်လှိုင်ကြီး ရေးသားဖော်ပြနေကြပြီး အရင်လိုပဲ ဗိုလ်ချုပ်ကြီး ရွက်ဆစ်၊ ဗိုလ်ချုပ်ဂွန်မော်လို့ ရေးသားဖော်ပြနေကြတုန်း ဖြစ်ပါတယ်။

အရင် စစ်အစိုးရလက်ထက် အစိုးရသတင်းတွေမှာ  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ အဆင်ပြေရင် ဗိုလ်ချုပ်ကြီးဘယ်သူ ဆိုပြီး ရေးသားဖော်ပြပေမယ့် အဆင်မပြေတဲ့အခါ ငကြည်၊ ငဆန်း စသဖြင့် ရေးသားဖော်ပြသုံးနှုန်းလေ့ ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013