DVB Logo
Home
မြန်မာသတင်း
ကျန်ရှိလှေစီးဒုက္ခသည် ၁၀၀ ကျော် ၁၂ ရက်နေ့ လွှဲပေးမည်
DVB
·
October 9, 2015
ကျန်ရှိလှေစီးဒုက္ခသည် ၁၀၀ ကျော် ၁၂ ရက်နေ့ လွှဲပေးမည်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ယာယီကယ်ဆယ်ထားတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေထဲက ၁၀၅ ဦးကို လာမယ့် ရက်ပိုင်းမှာ  လွှဲပြောင်း မယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိ ဦးခင်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ လှေစီးဒုက္ခသည် လက်ရှိ ၁၈၁ ဦးကျန်နေပြီး လာမယ့်အောက်တိုဘာ ၁၂ ရက်နေ့ကျရင် ၁၀၅ ဦးကို လွှဲပြောင်းပေးမယ်လို့ ဦးခင်စိုးက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကတော့ ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့ကို ကြောင်း ကြားထားတယ်။ ၁၂ ရက်နေ့ လွှဲပြောင်းပေးဖို့ပေါ့နော်။ အဲဒါ ကျနော်တို့ မောင်းတော ခရိုင်မှူးကနေဆင့် ဟိုဘက် နယ်ခြားစောင့်ကို ၁၂ ရက်နေ့ လွှဲပြောင်းပေးမယ်။ အဲဒီက လက်ခံပေးဖို့ တရားဝင် အကြောင်းကြားပြီးဖြစ်ပါတယ်။”

ဒီတခေါက်လွှဲပေးရင်တော့ ဆဋ္ဌမအကြိမ်လွှဲပြောင်းတာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ၇၀ ကျော်သာ ကျန်ရှိမှာဖြစ်ပါတယ်။ ကျန်ရှိသူတွေကိုလည်း စိစစ်ပြီး ပြန်ပို့သွားမယ်လို့လည်း ပြောပါတယ်။

မေ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်အနီး ပင်လယ်ပြင်မှာ လူ ၂၀၈ ဦး လိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့သလို မေလ ၂၉ ရက်နေ့တုန်းကလည်း ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက မြန်မာ့ပင်လယ်ပြင်မှာ  လှေစီးဒုက္ခသည် ၇၀၀ ကျော် လိုက်ပါလာတဲ့ ငါးဖမ်းလှေတစီးကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပါတယ်။

အဲဒီလှေစီးဒုက္ခသည်တွေကို မြန်မာဘက်က စိစစ်မှုတွေပြုလုပ်ပြီး ၁၈၀ ကျော်ဟာ မြန်မာနိုင်ငံဘက်က ဘင်္ဂါလီတွေဖြစ်တဲ့အတွက် သူတို့နေထိုင်ရာရွာတွေကို ပို့ဆောင်ထားပြီဖြစ်ပြီး ကျန်ရှိ နေတဲ့သူတွေကို နှစ်နိုင်ငံက ညှိနှိုင်းစိစစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လွှဲပြောင်းပေးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။

၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပါတယ်။ ၁၂၆ ဦးကို လွှဲပြောင်းဖို့ စီစဉ်ခဲ့ပေမယ့် တစ်ဦးဟာ ကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးသွားသူတွေထဲမှာ ပါဝင် တာကြောင့် ၁၂၅ ဦးကိုသာ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"ကျနော်တို့ မနက် ၁၁ နာရီမှာ တောင်ပြိုလက်ဝဲဆိုတဲ့ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးရုံးမှာ နှစ်နိုင်ငံအလံတင် အခမ်းအနားနဲ့ ကျင်းပပါတယ်၊ ၂ နာရီမှာ နယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တရားဝင် လွှဲပြောင်းပေးလိုက်ပါတယ်၊ ၁၂၆ ဦးပါ ၁ ဦးက ထွက်ပြေးတဲ့တစ်ယောက်ပါ နာမည်စာရင်းအပါပေါ့၊ ဒီနေ့လွှဲတာတော့ ၁၂၅ ဦးပါ"

နောက်ဆုံးကျန်ရှိနေသေးတဲ့ ၁၀၁ ဦးကိုလည်း စစ်တွေမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင် စစ်ဝန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ အတည်ပြုပြီးဖြစ်တာကြောင့် ထပ်မံလွှဲပြောင်းဖို့ စီစဉ်နေတယ်လို့လည်း ဦးခင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ရခိုင်ပြည်နယ်နဲ့ ဧရာတီတိုင်း ဖျာပုံမြို့နယ်တွေအတွင်းကနေ ဖမ်းဆီးရမိခဲ့တဲ့ လှေစီးပြေး ဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုတ်လိုက် ပြန်လည်ပို့ဆောင်ခဲ့ရာမှာ အခု ၅ ကြိမ် မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအထဲက လူ ၁၅ ဦးဟာ ပြီးခဲ့တဲ့လတွေက တောင်ပြို လက်ဝဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်သွား ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ စက်လှေပေါ်မှာလိုက်ပါလာတဲ့ စကားပြန်အပါအဝင် လှေသား ၂၀ ကို လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ ထောင်ဒဏ် ၅ နှစ်စီချမှတ်ပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားသလို သူတို့တွေကို လူကုန်ကူးမှုဥပဒေပုဒ်မတွေနဲ့ စစ်တွေမြို့နယ်နဲ့ ခရိုင်တရားရုံးတွေမှာ ထပ်မံတရားစွဲဆို ထားတယ် လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013