DVB Logo
Home
မြန်မာသတင်း
တပ်တွင်း မဲစာရင်းဆောင်ရွက်မှု ကော်မရှင်ကို ဗြိတိန်သံရုံးအတွင်းဝန် မေးမြန်း
DVB
·
October 9, 2015
တပ်တွင်း မဲစာရင်းဆောင်ရွက်မှု ကော်မရှင်ကို ဗြိတိန်သံရုံးအတွင်းဝန် မေးမြန်း
Donate to DVB

ဗြိတိန်သံရုံး ပထမအတွင်းဝန်က တပ်အတွင်းမှာ မဲစာရင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကို သွားရောက်မေးမြန်းခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကို အောက်တိုဘာ ၈ ရက်နေ့က ဗြိတိန်သံရုံး ပထမအတွင်းဝန် Mr. Wayne Ives က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့တာပါ။

ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ မဲပေးပိုင်ခွင့် ရှိသူတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုဆောင်ရွက်သွားမလဲလို့ မေးမြန်းခဲ့ပါတယ်။

ဗြိတိန်သံရုံး ပထမအတွင်းဝင် Mr.Wayne Ives က “တခြားပြည်နယ်နဲ့ တိုင်းတွေမှာ သိရှိရသလောက်ကတော့ စစ်တပ်ဘက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ မဲစာရင်းတွေ မကပ်ရသေးဘူးလို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ မဲပေးပိုင်ခွင့် ရှိသူတွေနဲ့ မိသားစုဝင်တွေရဲ့ မဲစာရင်းတွေကိုရော ကျန်တဲ့ပြည်သူတွေနဲ့တကွ မဲစာရင်းကပ်ပါသလား၊ ဒါမှမဟုတ် အချိန်ကာလတခု သီးသန့် သတ်မှတ်ပြီးတော့ ကပ်မယ်လို့ လုပ်ဆောင်ထားတာတွေ ရှိပါသလား” လို့ ရွေးကောက်ပွဲကော်မရှင်ကို မေးမြန်းခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမောင်က “မဲစာရင်းက နှစ်ပိုင်းပြောချင်တာပေါ့နော်။ တပ်နဲ့ တပ်မိသားစုတွေရဲ့ မဲပေးနိုင်တဲ့ မဲစာရင်းတွေကို သက်ဆိုင်ရာ တပ်မှူးတွေဆီကနေပြီးတော့ ကျနော်တို့ ကော်မရှင်က တောင်းယူရပါတယ်။ သူတို့ဆီက စာရင်းရပြီဆိုလို့ရှိရင် သူ့သက်ဆိုင်ရာရပ်ကွက်ရဲ့ မဲစာရင်းထဲမှာ တပါတည်းထည့်မယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေက မဲရုံကိုယ်စားလှယ်တွေ တပ်တွင်းမဲရုံတွေမှာ ၀င်ခွင့်ပြုထားပြီး ၀င်ခွင့်မပြုနိုင်တဲ့ မဲရုံရှိရင်လည်း တပ်ရဲ့ ပြင်ပမှာ မဲရုံလုပ်ဖို့အတွက် ညှိနှိုင်းထားတဲ့အကြောင်း၊ ဒါပေမယ့် တပ်ရဲ့ လုံခြုံရေးအရ သတ်မှတ်ထားတဲ့ ဧရိယာတွေကိုတော့ သွားခွင့်ရှိမှာ မဟုတ်ပါဘူးလို့ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် မဲစာရင်းထဲမှာပါဖို့က အဓိကကျပြီး ဒုတိယအကြိမ်မှာ ကျန်နေတဲ့ ပုံစံ ၃ နဲ့ ပျောက်နေတဲ့ လူတွေကို ပြန်ထည့်ခိုင်းထားပြီး အနည်းငယ် အမှားအယွင်း ပြင်ဆင်တာတွေကိုပါ အောက်တိုဘာ ၁၀ ရက်နေ့မှာ အပြီးလုပ်မယ်လို့ ဆိုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံနဲ့ ဒေသအတွက် ကောင်းအောင် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိနားလည်စောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ် နားလည်မှုရှိသူကို မဲပေးဖို့ ပြောကြားထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013