DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ၏ စိတ်ကိုဖတ်ပြီး ဘ၀ပြောင်းပေးနိုင်သည့်စက် (ရုပ်သံ)
DVB
·
October 11, 2015
မသန်စွမ်းသူများ၏ စိတ်ကိုဖတ်ပြီး ဘ၀ပြောင်းပေးနိုင်သည့်စက် (ရုပ်သံ)
Donate to DVB

တောင်ကိုရီးယား သုတေသနပညာရှင်တွေဟာ မသန်စွမ်းသူတွေရဲ့စိတ်ကို ဖတ်ပြီး ဘ၀တွေပြောင်းပေးနိုင်တဲ့ စက်တမျိုးကို တီထွင်လိုက်ပါတယ်။ လှုပ်ရှားနိုင်အောင် ပြင်ပအရိုးငြမ်းနဲ့ တွဲဖက်အသုံးပြုလိုက်ရင် ဦးနှောက်လှိုင်းကြားခံစနစ်က EEG အချက်ပြတွေကို တိုင်းတာပြီး လှုပ်ရှားမှုကို ထိန်းချုပ်စေခိုင်းတဲ့ အမိန့်တွေအဖြစ် ပြောင်းပေးနိုင်ပါတယ်။ ကိုရီးယားတက္ကသိုလ်မှ ပါမောက္ခ လီဆောင်ဝမ်းနဲ့ သူ့အဖွဲ့ဟာ ဒီလုပ်ငန်းကို ပံ့ပိုးပေးနေသူတွေပါ။

"ပြင်ပအားဖြည့် အရိုးငြမ်းစက်ရုပ်က သုံးစွဲသူရဲ့ ဦးနှောက်လှိုင်းတွေကိုဖတ်ပြီး အချက်ပြလှိုင်းပြင် နည်းစဉ်ကတဆင့် မလိုအပ်တဲ့ ဆူညံသံတွေကို ဖယ်ရှားပေးမှာပါ။ ပြီးမှ စက်ရုပ်က ဦးနှောက်လှိုင်းရဲ့ လက္ခဏာတွေကို သရုပ်ခွဲတယ်။ ဒီလိုနဲ့ သရုပ်ခွဲပြီး ဦးနှောက်လှိုင်းတွေနဲ့ ချမှတ်ထားတဲ့ အမိန့်တွေကို ချိန်ညှိပြီး ပြင်ပအားဖြည့် အရိုးငြမ်းစက်ရုပ်ကို ထိန်းချုပ်တာပါ။"

ဒီလိုလုပ်ဖို့ အမြင်အာရုံ နှိုးဆွဂျင်နရေတာကိုသုံးပြီး ဦးနှောက်လှိုင်းတွေကို ဖတ်တာပါ။ ဒီကိရိယာမှာ ဘယ်ကွေ့မလား ညာကွေ့မလား၊ ရှေ့ဆက်လျှောက်မလား၊ မတ်တပ်ရပ်မလား၊ ထိုင်မလား စတဲ့ အမိန့်တွေကို သရုပ်ဖော်မယ့် LED မီးလုံး ၅ လုံး ပါပါတယ်။ ဒီအမိန့်အသီးသီးမှာ ကွဲပြားတဲ့ကြိမ်နှုန်းတွေ ပါတာမို့ ပို့လိုက်တဲ့ အချက်ပြအတိုင်း LED မီးလုံးတွေက မှိတ်တုတ်မှိတ်တုတ် လင်းလာမှာ ဖြစ်ပါတယ်။

"သုံးစွဲသူက အမြင်အာရုံ နှိုးဆွမှုပေါ် အားပြုတဲ့အခါ သုံးစွဲသူ ဦးနှောက်ထဲက နောက်စေ့ထဲမှာ ထပ်တူညီတဲ့ ကြိမ်နှုန်းတခုဖြစ်လာတယ်။ ဒီတော့  ကျနော်တို့က ဒီကြိမ်နှုန်းကိုဖတ်ပြီး သုံးစွဲသူရဲ့ ရည်ရွယ်ချက်ကို ထောက်လှမ်းသိရှိနိုင်ပါတယ်။"

ကြိုးမဲ့လှိုင်းလွှင့်လှိုင်းဖမ်း ကိရိယာကတဆင့် EEG ခေါင်းစွပ်ကိုသုံးပြီး ထိန်းချုပ်တဲ့စနစ်က အချက်ပြတွေ ဖမ်းယူကာ ပြင်ပထောက်ကူ အရိုးငြမ်းကို ညွှန်ကြားချက်တွေ ပေးပါတယ်။ သုံးစွဲသူရဲ့ ရည်ရွယ်ချက်ကို သိနေတာမို့ ဒီစနစ်က မသန်စွမ်းသူတွေကို လှုပ်ရှားနိုင်အောင် အားစိုက်ကူညီနေသလိုပဲ။ နောင် အနာဂတ်မှာ ဒီနည်းပညာကို အခြားကိရိယာတွေမှာ အသုံးချပြီး ကားကို ကိုယ်တိုင်မောင်းနိုင်အောင် ဒရုန်းတွေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လာနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013