DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သွားမည့် အမေရိကန်များအတွက် လုံခြုံရေး သတိပေးချက် ထုတ်ပြန်
DVB
·
October 9, 2015
မြန်မာပြည်သွားမည့် အမေရိကန်များအတွက် လုံခြုံရေး သတိပေးချက် ထုတ်ပြန်
Donate to DVB

ရွေးကောက်ပွဲကာလအတွင်းဖြစ်လာနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ပြဿ  နာတွေကို သတိထားကြဖို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ့် အမေရိကန်နိုင်ငံသားတွေကို အမေရိကန်နိုင်ငံခြားရေးဌာနက  သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့အမျှ  နိုင်ငံရေးနဲ့ ဘာသာရေးအားပြိုင်မှုတွေ မြင့်တက်လာချိန် အောက်တိုဘာ ၇ ရက်နေ့စွဲနဲ့  သတိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်တာပါ။

အမေရိကန် နိုင်ငံသားတွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပဖို့ရှိတဲ့ မြန်မာ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ  မဲရုံတွေ၊ နိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုတွေ၊ ဆန္ဒပြပွဲတွေနဲ့လူစုလူဝေးတွေကို ရှောင်ရှားကြဖို့လည်း အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။

ဒီကာလမှာ အမေရိကန်ခရီးသွားတွေအနေနဲ့ အတားအဆီးအနှောင့်အယှက်တွေ ကြုံတွေ့နိုင်တဲ့အတွက် လုံခြုံရေးကို အမြင့်ဆုံးအဆင့် သတိထားကြဖို့နဲ့  ဒီသတိပေးချက်ဟာ  လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ ထိ အကြုံးဝင်တယ်လို့ဆိုပါတယ်။

အလားတူ ကုလသမဂ္ဂလုံခြုံရေးဌာနကလည်း အနှောင့်အယှက်တွေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အတွက် ရွေးကောက်ပွဲကာလ နိုဝင်ဘာ ၆ရက်ကနေ၂၄ ရက်အတွင်း အရေးမကြီးတဲ့ ကိစ္စတွေအတွက်  မြန်မာနိုင်ငံကို ခရီးမထွက်ဖို့ ကုလသမဂ္ဂက ၀န်ထမ်းတွေကို  စက်တင်ဘာ ၂၂ နေ့က ညွန်ကြားချက်ထုတ်ပြန်တားမြစ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကတော့ ရန်ကုန်မြို့အခြေစိုက် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အမေရိကန်သံရုံးတွေက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို အသုံးချ သွေးခွဲတာနဲ့ ပဋိပက္ခ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်မိတဲ့အကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

အဆိုပါသံရုံး၉ ရုံးရဲ့ ပူးတွဲကြေညာချက်ဟာ ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင်လွဲမှားသံသယတွေ ပေါ်ပေါက်စေနိုင်တယ်လို့ တဖတ်သတ်သုံး သတ်ဖော်ပြ ထားတာဖြစ်တယ်ဆိုပြီး   မြန်မာနိုင်ငံခြားရေးဌာနက လက်မခံပယ်ချလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013