DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် တအိမ်တည်းနေ မိသားစု ၃ ဦး သေဆုံးမှုဖြစ်ပွား
DVB
·
October 9, 2015
တာချီလိတ်တွင် တအိမ်တည်းနေ မိသားစု ၃ ဦး သေဆုံးမှုဖြစ်ပွား
1 / 3
Donate to DVB

တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်အတွင်းရှိ တအိမ်တည်းနေ မိသားစု ၃ ဦးလုံး အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းက ပုန်းထွန်ရပ်ကွက်၊ ပိတောက် ၉ လမ်းသွယ်မှာ မီးလောင်မှုဖြစ်ပွားတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ခဲ့ပါတယ်။

မီးငြိမ်းပြီး အိမ်အတွင်း ၀င်ရောက်ရှာဖွေရာ ကုတင်ပေါ်မှာ အမျိုးသားတဦးနဲ့ ကုတင်ခြေရင်းမှာ အမျိုးသမီးတဦး မီးလောင်သေဆုံးနေကြောင်း တွေ့ရတယ်လို့ တာချီလိတ်ရဲစခန်းက သိရပါတယ်။

ယောက္ခမဖြစ်သူ အသက် ၈၀ ကျော် အဘွားအိုဟာ လည်ပင်းဓားနဲ့ လှီးခံရပြီး ၄ လက်မခန့် ပြတ်ရှဒဏ်ရာရရှိထားတာကြောင့် ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်တရားခံကို ဖမ်းဆီးရမိဖို့  တာချီလိတ်မြို့နယ်ရဲစခန်းက သက်သေတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့  တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“လူသတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူးခင်ဗျာ။ မိသားစုပြဿ     နာလို့ ကနဦး သံသယထားပါတယ်။ တရားခံကို ဖမ်းမိနိုင်ဖို့ ရဲစခန်းက လူတချို့ကို ခေါ်ယူ စစ်ဆေးနေတာတွေ ရှိပါတယ်။”

တာချီလိတ်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၄၃၆ နဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။

သတင်းဓာတ်ပုံ - ကိုဇက်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013