DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမား ကလေးတဦး ထိုင်းတောင်ပိုင်းတွင် အသတ်ခံရ
DVB
·
October 9, 2015
မြန်မာအလုပ်သမား ကလေးတဦး ထိုင်းတောင်ပိုင်းတွင် အသတ်ခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ အသက် ၁၁ နှစ် မြန်မာအလုပ်သမား  ကလေးတဦး အသတ်ခံရတယ်လို့ sanook.com ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၇ ရက်က လန်ဆွန်မြို့နယ် ဘန့်မန့်ကျစ်ကျေးရွာအုပ်စုအပိုင် ထောင့်ခိုပင်လယ်ကမ်းစပ်က ကျောက်ဆောင်တွေကြားထဲမှာ ကလေးတဦး ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း အကြောင်းကြားချက်အရ တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ လန်ဆွန်မြစ်ဝရဲစခန်း တာဝန်ကျရဲအုပ် ၀ိထွန် ဖိုတ်ဝါရီက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ ကလေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုလုံး ချွန်မြတဲ့အရာတွေနဲ့ မွှမ်းထားသလို လိင်အင်္ဂါအစိတ်အပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း၊ မသေခင် နှိပ်စက် ညှဉ်းပန်း ခံထားရတဲ့အရာတွေ တွေ့ရကြောင်း၊ ဆေးစစ်ချက်အရ လွန်ခဲ့တဲ့ ၃ ရက်လောက်က သေဆုံးခဲ့တာလို့ ရဲအရာရှိက ဆက်ပြောပါတယ်။

ကလေးရဲ့အလောင်းကို ဆက်လက်စစ်ဆေးဖို့ မြို့နယ်ဆေးရုံကို သယ်ဆောင်ခဲ့ရာမှာ အသက် ၃၆ နှစ် မစန်းဆိုတဲ့ မြန်မာအလုပ်သမား အမျိုးသမီးတဦး လာရောက်ကြည့်ရှုပြီး ပျောက်ဆုံးနေတဲ့ သားလို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက်က သား ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း၊ အဲဒီမတိုင်ခင်က သားဟာ အမ၊ ညီမတို့နဲ့  အတူ ဈေးတန်းထဲမှာလျောက်လည်ရင်း လူတယောက် ဖမ်းခေါ်သွားတာလို့ သူက ပြောပါတယ်။

အဲဒီနေ့ ဈေးလည်စဉ်မှာ ဈေးနားမှာ ကားရပ်ဖို့ သက်ဆိုင်ရာက တားထားတဲ့ ပလစတစ် ကြိုးကို ကလေးငယ်က ဖြုတ်ချခဲ့ရာမှာ အသက် ၄၀ ကျော် ထိုင်းအမျိုးသားတဦးက လာရောက် ကြိမ်းမောင်း ဆဲဆိုကာ အနီရောင်ဆိုင်ကယ်နဲ့ တင်သွားတာကို မြင်ရတယ်လို့ အမနဲ့ ညီမတို့က ထွက်ဆိုပါတယ်။

ကလေးမ ၂ ဦး စက်ဘီးဘီးစီးပြီး ဆိုင်ကယ်နောက် လိုက်ကြည့်ပေမယ့် မမီဘဲ မျက်ခြည်ပြတ်သွားသလို သူတို့မောင်ကို ထိုင်းရဲက ဖမ်းသွားတယ်လို့ ထင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ထိုင်းရတ်သတင်းမှာတော့ ဒီအမှုဟာ ရက်စက်တဲ့ လူသတ်မှု၊ ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှုအပြင် ကလေးအလောင်း တွေ့ရှိရာ နေရာဟာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်တဲ့ အပန်းဖြေနေရာ ဖြစ်တာကြောင့် ဒေသတွင်း ပုံရိပ်ကို အကျည်းတန်စေတဲ့အတွက် တရားခံကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဖို့ ချွန်းဖွန်းခရိုင်ဝန်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ တရားခံလို့ သံသယရှိသူကို ခြေရာခံမိပြီဖြစ်ကြောင်း၊ လောလောဆယ် စောင့်ကြည့်ကင်မရာနဲ့ အခြားသက်သေခံပစ္စည်းတွေ ခိုင်လုံအောင် စုဆောင်းပြီးရင်တော့ တရားခံကို အမြန်ဆုံး ဖမ်းမိနိုင်မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

တဘက်ကလည်း အသတ်ခံရသူ ကလေးမှာ အဆော့သန်သူ၊ အနီးနားရှိ ဈေးဆိုင်တွေမှာ လှည့်လည်ငွေချေးတတ်သူ၊ သူများပစ္စည်းကို ပိုင်ရှင်မသိအောင် ယူငင်တတ်တဲ့ အကျင့်ရှိတာကို စုံစမ်းသိရှိရတယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013