ပြည်တွင်းဆန်ဈေးကွက်ကို စိန်ခေါ်လာသည့် ထိုင်းဆန်
DVB
·
October 9, 2015

ပြည်ပကနေ ဆန်တင်သွင်းမှုကို မြန်မာနိုင်ငံက ပိတ်ပင်ထားပေမယ့် ကုန်တိုက်တွေမှာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဆန်တွေကို ရောင်းချတာတွေ ရှိနေပါတယ်။
ပြည်တွင်းက ထွက်ရှိတဲ့ ဧည့်မထ ၅ မတ်ဆန်က တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းဧည့်မထဆန်နဲ့ယှဉ်ရင် အရည်အသွေးက နိမ့်သလို ဈေးနှုန်းက ကြီးမြင့်နေပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ လက်ရှိဝင်ရောက်နေတဲ့ ထိုင်းဧည့်မထဆန်ဖြူက တအိတ်ကို မြန်မာငွေ ၂၄၀၀၀ ကျပ်ရှိပေမယ့် ပြည်တွင်းဧည့်မထ ၅ မတ်ဆန် တအိတ်ကို ကျပ် ၂၆၀၀၀ ၀န်းကျင်ရှိနေပါတယ်။
ဒါကြောင့် ထိုင်းဆန် ဈေးကွက်က ဒီထက်ပို ကျယ်ပြန့်လာမယ်ဆိုရင် ပြည်တွင်း ဆန်ဈေးကွက်အတွက် စိန်ခေါ်မှုရှိလာမှလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ တနှစ် ဆန်တန်ချိန် ၅ သန်းဝန်းကျင် ထွက်ရှိတဲ့အနက် ၃ သန်းက ပြည်တွင်းမှာ စားသုံးတာပါ။
ပြီးခဲ့တဲ့နှစ် ပြည်ပဆန်တင်ပို့မှုက တန်ချိန် ၁ သန်းခွဲကျော်ရှိပြီး ၂၅ မှတ် ဧည့်မထဆန်ကြမ်း အမျိုးအစားကိုသာ တင်ပို့မှုက အများဆုံးရှိတာပါ။