DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ဈေးနှုန်း စံချိန်တင် အမြင့်ဆုံးရောက်
DVB
·
October 9, 2015
ကြက်သွန်ဈေးနှုန်း စံချိန်တင် အမြင့်ဆုံးရောက်
Donate to DVB

မြန်မာပြည်တွင်းဈေးကွက်မှာ အရင်တုန်းကဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေထက်ကို ကျော်လွန်ပြီး မကြုံစဘူး ကြက်သွန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ရန်ကုန် ဘုရင့်နောင်ဈေး ကြက်သွန်ပွဲရုံပိုင်ရှင်က ပြောပါတယ်။

အရင်က ကြက်သွန် ၁ ပိဿ  ကို အမြင့်ဆုံး ကျပ် ၁၅၀၀ ထိ တက်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အသေးဆုံး ကြက်သွန်တောင် ၁ ပိဿာ  ကျပ် ၁၀၀၀ ရှိသလို အကြီးဆုံးကြက်သွန်က ကျပ် ၁၈၀၀ ၀န်းကျင်နဲ့ အရောင်းအ၀ယ် ဖြစ်နေပါတယ်။

လက်ရှိ ရောင်းဝယ်နေတဲ့ ကြက်သွန်တွေက မိုးထိထားတဲ့အတွက် သိုလှောင်ထားလို့ မရတဲ့အပြင် ပြီးခဲ့တဲ့လက ကြက်သွန်တွေကို ထုတ်ရောင်းခဲ့တဲ့အတွက် ဒီလမှာ ကြက်သွန် လက်ကျန်တွေ နည်းလာခဲ့ပါတယ်။

ဒါ့အပြင် ဒီနှစ်မှာ မိုးကြက်သွန်ကလည်း အထွက်နောက်ကျဖို့ ရှိနေတာကြောင့် နောက်ပိုင်း မမျှော်လင့်ထားတဲ့ ဈေးနှုန်းအထိ ဖြစ်လာနိုင်တယ်လို့ ဘုရင့်နောင်ကြက်သွန်ပွဲရုံက ဦးစိန်မြင့်က ပြောပါတယ်။

လက်ရှိမှာတော့ အိန္ဒိယကထွက်တဲ့ ကြက်သွန်က မြန်မာဈေးနဲ့ တန်းတူဖြစ်နေပြီး မြန်မာကြက်သွန်ဈေး ဒီ့ထက်တက်လာရင် ပြည်ပက တင်သွင်းဖို့တောင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ကြက်သွန်ဈေးတွေက ၀ါမ၀င်ခင် ၁ ပိဿာ  ကို ၈၀၀ ၀န်းကျင်ကနေ တဖြည်းဖြည်း မြင့်တက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013