DVB Logo
Home
မြန်မာသတင်း
ဇီးကုန်းတွင် ကြံ့ခိုင်ရေးဘက်မှ သံဃာတော်များ စည်းရုံးဟောပြောဟု အန်အယ်လ်ဒီ စွပ်စွဲ
DVB
·
October 8, 2015
ဇီးကုန်းတွင် ကြံ့ခိုင်ရေးဘက်မှ သံဃာတော်များ စည်းရုံးဟောပြောဟု အန်အယ်လ်ဒီ စွပ်စွဲ
Donate to DVB

ဒု-သမ္မတ ဦးဉာဏ်ထွန်းနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့ ၀င်ပြိုင်ကြမယ့် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီက သံဃာတော်တွေ စည်းရုံးပြီး မဲဆွယ်နေတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးစောမောင်သိန်းက စွပ်စွဲပြောကြားလိုက်ပါတယ်။

“ရွာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို များသောအားဖြင့် ၀င်တာ တွေ့ရပါတယ်။ သူတို့နဲ့ထိတွေ့တဲ့ ဘုန်းကြီးတွေက ကြံ့ခိုင်ရေးကို မဲထည့်ဖို့ ပြောတယ်။ တချို့ဘုန်းကြီးတွေဆို မိုက်ကြီးတွေတပ်ပြီး ဟောတဲ့အဆင့်ထိ ရှိပါတယ်။ ဇီးကုန်းမြို့နယ်၊ တယ်ပင်ကန်အုပ်စု၊ နဂျီးချောင်ကျေးရွာက ဘုန်းကြီးဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နာမည်ကို ဖော်ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကို ဖော်ပြောတယ်၊ သူတို့တက်လာရင် ကုလားတွေ စိုးမိုးမယ် ဆိုတဲ့အကြောင်း ပြောပြီး ဟောတယ်။”

ဒီစွပ်စွဲပြောကြားချက်နဲ့ ပတ်သက်လို့ ဇီးကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီက တွဲဘက်အတွင်းရေးမှူး ဒေါ်နှင်းရီဝင်းက ငြင်းဆိုလိုက်ပြီး ဘုန်းတော်ကြီးတွေကို ဂါရ၀ပြုတာသက်သက်ပဲ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုပါတယ်။

“ဘုန်းကြီးတွေကို အဲ့လိုမျိုး ပြောခိုင်းတာ မဟုတ်ပါဘူး၊ ကွင်းဆင်းပြီဆိုရင် ဘုန်းကြီးတွေကို လှူဘွယ်ပစ္စည်းနဲ့ လှူတာပါ။ ဘုန်းကြီးတွေကို သာမန်အတိုင်း ဂါရ၀ပြုတာပါ၊ မအော်ခိုင်းပါဘူး၊ ဘုန်းကြီးတွေကို မဲမဆွယ်ခိုင်းပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သာသနာနဲ့ ပတ်သက်ပြီးတော့ မဲမဆွယ်ခိုင်းဘူးလေ။”

ဇီးကုန်းက၀င်ပြိုင်မယ့် ဒု-သမ္မတ ဦးဉာဏ်ထွန်းနဲ့ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းတို့ ၂ ဦး မြို့နယ်အတွင်း ၁၀ ကြိမ်ထက်မနည်း ရောက်ရှိပြီး ဒေသခံတွေနဲ့ လိုက်လံတွေ့ဆုံ စကားပြောတယ်၊ သူတို့နှစ်ဦးစလုံး ဇီးကုန်းသားတွေဖြစ်ကြောင်း မိတ်ဆက်ပြောဆိုတာမျိုးပဲ လုပ်ပြီး လူထုဟောပြောပွဲပုံစံမျိုး မလုပ်ဘူးလို့ ပြောပါတယ်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေး၊ တစည၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ တောင်သူလယ်သမား တိုးတက်ရေး စတဲ့ ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူပေါင်း ၅၇၀၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013