DVB Logo
Home
မြန်မာသတင်း
ပဲအမျိုးမျိုး မက်ထရစ်တန်ချိန် သိန်း ၅၀ အိန္ဒိယ ၀ယ်ယူလို
DVB
·
October 7, 2015
ပဲအမျိုးမျိုး မက်ထရစ်တန်ချိန် သိန်း ၅၀ အိန္ဒိယ ၀ယ်ယူလို
Donate to DVB

အိန္ဒိယနိုင်ငံဟာ ပဲအမျိုးမျိုး ပြတ်လပ်မှုကြောင့် မြန်မာအပါအ၀င် သြစတြေးလျနဲ့ တန်ဇန်းနီးယား နိုင်ငံတွေကနေ ပဲမျိုးစုံ မက်ထရစ်တန်ချိန် သိန်း ၅၀ တင်သွင်းဖို့ လိုအပ်နေတယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ဒီအန်အေ အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက် ကော်မတီ (အေပီအမ်စီ) မှ ဒါရိုက်တာ တူကယန်ပါတဲလ်က “ဒီနှစ်မှာ မိုးခေါင်တာက ကြာရှည်ခဲ့တဲ့အတွက် သီးနှံတွေ အဓိက စိုက်ပျိုးတဲ့ ဒေသတွေမှာ ထိခိုက်ပျက်စီးခဲ့ရတာပါ” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒူအယ်လ်မြို့ အေပီအမ်စီ ကို နှစ်စဉ် ပဲမျိုးစုံ အနည်းဆုံး ကုန်တင်ကား ၁၀ စီးစာလောက် ရောက်ရှိလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ၁ စီးသာ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တူကယန်ပါတဲလ်က “မိုးကောင်းခဲ့ရင်တောင် ဒီအခြေအနေဟာ နောက်နှစ်ထိ ဆက်ပြီး ဆိုးဆိုးဝါးဝါး ဖြစ်နေဦးမှာပဲ။ ဒီလိုမှမဟုတ်ရင် ကျနော်တို့ ပဲမျိုးစုံသွင်းကုန်တွေကို ဈေးမြင့်မြင့်နဲ့ဝယ်ဖို့ အဆင်သင့်ပြင်ထားရလိမ့်မယ်” လို့ သတိပေးပြောဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းတွေကို မိုးရေချိန်ကောင်းကောင်းရတဲ့ ဒေသတွေဖြစ်တဲ့ မဟာရာရှ်ထရာ၊ ကာနာတာကာ၊ အန်ဒရာပရာဒေ့ရှ်၊ မက်ဒရာပရာဒေ့ရှ်နဲ့ တလန်ဂါနာပြည်နယ်တွေမှာ အဓိက စိုက်ပျိုးတာပါ။

ကုန်သည်တဦးက “မက်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ ဒီနှစ် မိုးများလို့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တယ်။ မဟာရာရှ်ထရာပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာတော့ မိုးရေချိန် မလုံလောက်ဘူး။ မျိုးကြဲချိန်ဟာ ဇွန်လတည်းက စခဲ့ပေမယ့် မိုးခေါင်တဲ့အတွက် ပျိုးပင်တွေ ခြောက်ပြီး ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ တန်ဇန်းနီးယား နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ပဲစိုက်ပျိုးထုတ်လုပ်မှုမှာ အရေးပါတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။

“နိုင်ငံတကာဈေးကွက်ကလည်း ခိုင်မာနေတယ်။ ဈေးနှုန်းတွေကလည်း မြင့်နေတာဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံအနေနဲ့ ခုလို နိုင်ငံတွင်း တင်သွင်းဖို့ ဈေးနှုန်းမြင့်မြင့် ပေးရလိမ့်မယ်” လို့ အိန္ဒိယနိုင်ငံ အေပီအမ်စီက ဒါရိုက်တာ တူကယန်ပါတဲလ်က ပြောပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ပဲဈေးကွက်ပေါက်ဈေးဟာ ၁ ကီလိုဂရမ်ကို ရူပီးငွေ ၁၆၀ ကနေ ၂၀၀ ကြား ရှိနေတယ်လို့ သတင်းက ဆိုပါတယ်။

တူကယန်ပါတဲလ်က “၀န်ကြီးချုပ် နာယန်ဒါမိုဒီဟာ အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို လုံးဝ လျစ်လျူရှုထားတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013