DVB Logo
Home
မြန်မာသတင်း
အန်အယ်ဒီကိုယ်စားလှယ်လောင်းက ကြံ့ခိုင်ရေးအတွင်းရေးမှူးကို အမှုဖွင့်တိုင်ကြား
DVB
·
October 7, 2015
အန်အယ်ဒီကိုယ်စားလှယ်လောင်းက ကြံ့ခိုင်ရေးအတွင်းရေးမှူးကို အမှုဖွင့်တိုင်ကြား
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အန်အယ်ဒီကိုယ်စားလှယ်လောင်းက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက မြို့နယ်တွဲဘက်အတွင်းရေးမှူးတယောက်ကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။

လူမျိုးရေးဘာသာရေးကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို မဲမပေးဖို့ အားပေးလှုံ့ဆော်တဲ့စာတွေ ဖြန့်ဝေခဲ့တာကြောင့် ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှာ အခုလ ၅ရက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်တိုင်ကြားခဲ့တဲ့ အန်အယ်ဒီကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက လှုံ့ဆော်စာ ဖြန့်ဝေခဲ့တဲ့ ဒက္ခိဏသီရိမြို့နယ်ကြံ့ခိုင်ရေးပါတီ မြို့နယ်တွဲဘက်အတွင်းရေးမှူး ဦးဇော်ဝိတ်ကို ရဲစခန်းမှာ အမှုသွားဖွင့်တာကို စခန်းက လက်ခံထားတယ်လို့ ပြောပါတယ်။

“ရဲက ပနံပတ် ၉၉/၂၀၁၅နဲ့ လက်ခံထားပြီးတော့ ပြည်သူ့ရွေးကောက်ပွဲ ပုဒ်မ ၅၈(ဂ)အရ အမှုဖွင့် ထားတယ်။ သူဖြန့်ဝေထားတဲ့စာရွက်မှာ ခေါင်းစဉ်က အမျိုးဘာသာသာသနာချစ်သူ ရဟန်းရှင်လူ ပြည်သူများသို့လို့ ခေါင်းစဉ်တပ်ထားတဲ့လက်ကမ်းစာစောင်၊ ၆ မျက်နှာ ရှိတယ်။ စ ဝေတာက ၁၀ ရက် ၉ လကတည်းက ခုထိလည်း ဝေတုန်း၊ ဝေတာက တော်တော်များများမှာ ဝေတာ။ ကျနော်တို့ကို သက်သေထွက်ဆိုပေးတာက ရွာတရွာက ဈေးဆိုင်ပိုင်ရှင်။”

မဲဆွယ်ကာလမရောက်ခင် မဲဆွယ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို အလားတူ တိုင်ကြားခဲ့ဖူးပေမယ့် ရဲစခန်းက လက်မခံခဲ့ဘူး လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လှည်ကူးမြို့နယ်မှာ အန်အယ်ဒီအမတ် ဦးဖြိုးမင်းသိန်းက အလားတူ ပုဒ်မနဲ့ပဲ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး အခု နေပြည်တော်မှာ ဒုတိယအကြိမ် အမှုဖွင့် တိုင်ကြားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013