DVB Logo
Home
Lead Story
မာတင်အန်နာ နိုင်ငံတကာလူ့အခွင့်အရေးဆုပေးပွဲ (သတင်းဓာတ်ပုံ)
DVB
·
October 7, 2015
မာတင်အန်နာ နိုင်ငံတကာလူ့အခွင့်အရေးဆုပေးပွဲ (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

အောက်တိုဘာ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လူ့အခွင့်အရေးကာကွယ်သူတွေကို ချီးမြှင့်လေ့ရှိတဲ့ ၂၀၁၅ ခုနှစ် မာတင်အန်နာဆုကြေညာရာမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုက အာမက် မန်ဆွာ က ရရှိပါတယ်။

ဒီဆုအတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာ မြန်မာနိုင်ငံက တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်လည်း ပါဝင်ခဲ့ပြီး မာတင်အန်နာ ဆန်ကာတင်ဆု(Martin Ennals Nominee Award)ကို ဦးရောဘတ်စန်းအောင် ရရှိခဲ့ပါတယ်။

ဒီဆုကို ရွေးချယ်ပေးအပ်ဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအ၀န်းက အဖွဲ့ ၁၀ ဖွဲ့က ဆုံးဖြတ်တာဖြစ်ပြီး ဒီအဖွဲ့တွေထဲမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့လည်း ပါဝင်နေပါတယ်။

အန္တရာယ်တွေကြားက သတ္တိရှိရှိ ယုံကြည်ချက်အတွက် လူ့အခွင့်အရေးကို ကာကွယ်သူတွေကို ၁၉၉၄ ခုနှစ်ကတည်းက ဒီဆုကို စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဦးရောဘတ်စန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013