DVB Logo
Home
မြန်မာသတင်း
မြိတ်အထပ်သားစက်ရုံမှ အလုပ်သမားများ တရက်လုပ်အားခ ၃၆၀၀ ကျပ် ရရှိရန်တောင်းဆို
DVB
·
October 6, 2015
မြိတ်အထပ်သားစက်ရုံမှ အလုပ်သမားများ တရက်လုပ်အားခ ၃၆၀၀ ကျပ် ရရှိရန်တောင်းဆို
1 / 4
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာရှိ မြိတ်အထပ်သား စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ အနည်းဆုံး အခကြေးငွေ တနေ့ ၃၆၀၀ ကျပ် ရရှိဖို့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက စက်ရုံအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကုန်းဖောက်ကျေးရှိ မြိတ်အထပ်သားစက်ရုံဟာ အိန္ဒိယနိုင်ငံသားပိုင် စက်ရုံတစ်ခုဖြစ်ပြီး အလုပ်သမားအများစုမှာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ယခင်က တစ်လလုပ်အားခ ကျပ် ၄ သောင်းမှ ၄ သောင်းခွဲအထိသာ ရရှိခဲ့ကြပြီး အစိုးရက သတ်မှတ်ပေးထားတဲ့ အနည်းဆုံး အခကြေးငွေ တရက် ၃၆၀၀ ကျပ်ကို ကုမ္ပဏီဘက်မှ ပေးဖို့ပျက်ကွက်ခဲ့တာကြောင့် အလုပ်သမား ၂၀၀ နီးပါးက စက်ရုံအနီးရှိ အလုပ်သမား နားနေဆောင်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ကုမ္ပဏီဘက်မှ အလုပ်သမားများအပေါ် ပျက်ကွက်ခဲ့တဲ့ တနေ့ လုပ်အားခ ၃၆၀၀ ကျပ်ရရှိရေး၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာ ရရှိတဲ့ အလုပ်သမားတွေအတွက် ခံစားခွင့်များ၊ အလုပ်သမားတွေရဲ့ လုပ်ခအား နှိမ့်ချစေခိုင်းမှု မပြုလုပ်ရေး၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာ ရရှိဆောင်ရွက်ပေးရေး၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားများက နေ့တ၀က် အလုပ်ပျက်ကွက်ပါက လုပ်အားခ တနေ့စာ မဖြတ်တောက်ရန်၊ အချိန်ပို အလုပ်သမားများကိုခေါ်ပါက အလုပ်သမားများရဲ့ ဆန္ဒမပါဘဲ ခိုင်းစေခြင်းမပြုရန် အချက်များကို အလုပ်သမားက တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီး မြိတ်မြို့နယ်အလုပ်သမားရေးရာ ဦးစီးဌာနမှ ကုမ္ပဏီနဲ့ လာရောက် ညှိနှိုင်းပေးခဲ့ပြီး နှစ်ဦးနှစ်ဘက် ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရက ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေး သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသားကော်မတီက တရက်ကို ကျပ် ၃၆၀၀ ပေးဖို့ ဇွန် ၂၉  ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်းဓာတ်ပုံ - ကိုဘိတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013