DVB Logo
Home
မြန်မာသတင်း
ထိုင်းကို တရားမ၀င်လူပို့သည့်အမျိုးသမီး ရန်ကုန်လေဆိပ်တွင် အရေးယူခံရ
DVB
·
October 6, 2015
ထိုင်းကို တရားမ၀င်လူပို့သည့်အမျိုးသမီး ရန်ကုန်လေဆိပ်တွင် အရေးယူခံရ
1 / 2
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မသင်္ကာဖွယ် လူ ၆ ဦးကို စစ်ဆေးခဲ့ရာက ထိုင်းနိုင်ငံကို လိုင်စင်မရှိဘဲ တရားမ၀င် လူပို့ဆောင်တဲ့ အမျိုးသမီးတဦးကို ဖမ်းဆီး အရေးနိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ပါတယ်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၄ ရက်မနက်က ရန်ကုန်လေဆိပ်မှာ ထိုင်းနိုင်ငံ သွားရောက်မယ့် ရှမ်းပြည်နယ် လားရှိုးမြို့နယ် သံလွင်ကျေးရွာနေ မကိန်းလင်းဆောင် (၁၉) နှစ်၊ မရင်ကျိန်း (၁၈) နှစ်၊ မကိန်းရင်ကျောက် (၂၈) နှစ်၊ မကိန်းရုံကျောက် (၂ဝ) နှစ်၊ မရွှန်းကျီ (၁၈) နှစ်နဲ့ မန်မတ်ကျေးရွာနေ မကျားလင် (၂၄) နှစ်တို့ ၆ ဦးကို မသင်္ကာဖွယ် တွေ့ရှိခဲ့တာပါ။

သူတို့ ၆ ဦးကို ခေါ်လာတဲ့ လားရှိုးမြို့နေ မလော်ဖန်း (ခ) မဝမ်းကျင်ဖွေး (ခ) မသဇင် (၃၇) နှစ်က ထိုင်းနိုင်ငံဖူးခက်ရှိ အလှပြင်ဆိုင်နဲ့ ငှက်သိုက်စက်ရုံတွေမှာ တရားမဝင် သွားရောက်အလုပ်လုပ်ဖို့ တဦးကို ငွေကျပ် ၆ သိန်းစီနဲ့ ပို့ဆောင်ခဲ့တာ စစ်ဆေးတွေ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားကို လူပို့ဖို့အတွက် တရားဝင် အကျိုးဆောင်လိုင်စင်မရှိဘဲ ဆောင်ရွက်ခဲ့တဲ့ မလော်ဖန်း (ခ) မဝမ်းကျင်ဖွေး (ခ) မသဇင်ကို မင်္ဂလာဒုံမြို့မရဲစခန်းကပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ - ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013