DVB Logo
Home
မြန်မာသတင်း
မာတင်အန်နာဆု ဆန်ကာတင်စာရင်း ဦးရောဘတ်စန်းအောင် ရွေးချယ်ခံရ
DVB
·
October 6, 2015
မာတင်အန်နာဆု ဆန်ကာတင်စာရင်း ဦးရောဘတ်စန်းအောင် ရွေးချယ်ခံရ
Donate to DVB

လူ့အခွင့်အရေးကာကွယ်သူတွေကို ချီးမြှင့်လေ့ရှိတဲ့ ၂၀၁၅ ခုနှစ် မာတင်အန်နာဆု အတွက် နောက်ဆုံး ဆန်ကာတင်စာရင်းမှာ မြန်မာနိုင်ငံက တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ရွေးချယ်ထားပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဒီဆုကို ပေးအပ်သွားဖို့ ရှိနေရာ ဦးရောဘတ်စန်းအောင်နဲ့အတူ ဂီနီနိုင်ငံက အက်စ်မာဒီအာလိုနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုက အာမက် မန်ဆွာတို့လည်း ဆန်ကာတင် ရွေးချယ်ခံထားရပါတယ်။

၁၉၇၄ ခုနှစ် တက္ကသိုလ် ပထမနှစ် တက်စဉ်ကတည်းက လူ့အခွင့်အရေး မတော်မတရားမှုတွေကို ဆန့်ကျင်ခဲ့သလို ထောင်ဒဏ်ကျခံခဲ့ရပြီး ခြိမ်းခြောက် တိုက်ခိုက်တာတွေ ခံရတယ်လို့ ဦးရောဘတ်စန်းအောင်နဲ့ ပတ်သက်ပြီး မာတင်အန်နာဆုရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ရှေ့နေလိုက်ခွင့်လည်း တားမြစ်ပိတ်ပင်ခံခဲ့ရသလို ၂၀၁၂ ခုနှစ်ကျမှ ရှေ့နေလိုက်ခွင့် ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ ကလေးစစ်သားတွေ၊ သတ္တုတွင်းဆန္ဒပြမှုအတွက် ထောင်ဒဏ်ချခံရသူတွေ၊ မြေသိမ်းခံရလို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေနဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေကို  ဦးရောဘတ်စန်းအောင်က ကိုယ်စားပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆုကို ရွေးချယ်ပေးအပ်ဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအ၀န်းက ဆုံးဖြတ်တာဖြစ်ပြီး ဒီအဖွဲ့တွေထဲမှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့လည်း ပါဝင်နေပါတယ်။

အန္တရာယ်တွေကြားက သတ္တိရှိရှိ ယုံကြည်ချက်အတွက် လူ့အခွင့်အရေးကို ကာကွယ်သူတွေကို ၁၉၉၄ ခုနှစ်ကတည်းက ဒီဆုကို စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013