DVB Logo
Home
မြန်မာသတင်း
အမေရိကန် တွင် မိုးများပြီး ရေကြီးမှုကြောင့် လူ ၈ ဦးသေဆုံး (ရုပ်သံ)
DVB
·
October 6, 2015
အမေရိကန် တွင် မိုးများပြီး ရေကြီးမှုကြောင့် လူ ၈ ဦးသေဆုံး (ရုပ်သံ)
Donate to DVB

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ဒေသတွေမှာ မိုးများပြီး ရေကြီးမှုအတွင်း  လူ ၈ ဦး သေဆုံးသွားပါတယ်။

တောင်ကာရိုလိုင်းနားပြည်နယ် အတွင်းပိုင်း ဒေသတွေမှာ မိုးရေချိန် ၁၈ လက်မအထိ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး နစ်ကီ ဟဲလေးက ပြည်နယ်ထဲက တချို့နယ်မှာ ရွာသွားတဲ့ မိုးရေချိန်ဟာ နှစ်ပေါင်း ၁၀၀၀ လောက်မှာ တကြိမ်သာ ကြုံရတဲ့ စံချိန်မျိုးဖြစ်တယ်လို့ ပြောပါတယ်။

ကွန်ဂါရီ မြစ်ရေဟာလည်း ၁၉၃၆ နောက်ပိုင်း အမြင့်ဆုံးစံချိန်အထိ မြင့်တက်နေပါတယ်။

တောင်ကာရိုလိုင်းနားမှာ အဝေးပြေးလမ်းတလျှောက် ရေလျှံနေတယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။

လမ်းမတော်တဆမှုဖြစ်ပြီး လူ ၆ ဦး သေဆုံးသွားသလို မြောက်ကာရိုလိုင်းနားမှာလည်း ၂ ဦး သေဆုံးသွားပါတယ်။

တောင်ကာရိုလိုင်းနားမြို့တော်  ကိုလံဘီယာမြို့မှာလည်း ၂၄ နာရီအတွင်း မိုးရေချိန် ၈ ဒသမ ၇ လက်မအထိ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။

လမ်းတွေ ဘေးမကင်းတာကြောင့် မြို့ခံတွေကို ခရီးမထွက်ကြဖို့ ပြည်နယ် အာဏာပိုင်တွေက သတိပေးထားပြီး ကိုလံဘီယာမြို့ အပါအ၀င်  နယ်မြေ ၈ ခုမှာ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။

ကျောင်းတွေ၊ တက္ကသိုလ်တွေကိုလည်း အောက်တိုဘာ ၅ ရက်နေ့မှာ ပိတ်ထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013