DVB Logo
Home
Lead Story
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ဝတ်စုံသစ်ပြောင်းလဲဝတ်ဆင် (သတင်းဓာတ်ပုံ)
DVB
·
October 5, 2015
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ဝတ်စုံသစ်ပြောင်းလဲဝတ်ဆင် (သတင်းဓာတ်ပုံ)
1 / 3
Donate to DVB

မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံးမှာရှိတဲ့ အရာရှိနဲ့ တခြားအဆင့် စစ်သည်တွေရဲ့ စစ်ဝတ်စုံသစ်တွေ စတင် ပြောင်းလဲဝတ်ဆင်နေပြီ ဖြစ်ပါတယ်။

ကာကွယ်ရေးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ဒီကနေ့ မော်လမြိုင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာရော မော်လမြိုင်တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းတွေကို ကွန်ပျူတာနဲ့ ဒေသဖွံ့ဖြိုးရေး အလှူငွေပေးအပ်တဲ့ အခမ်းအနားမှာပါ အစိမ်းနုရောင် စစ်ဝတ်စုံသစ်ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ/ အခြားအဆင့်(အမျိုးသား/အမျိုးသမီး) တွေ အသုံးပြုနေတဲ့ စစ်ဝတ်စုံတွေကို အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနေ့တိုင်းတွင် ၀တ်ဆင်ရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတာပါ။

နိုင်ငံတကာတပ်မတော်တွေရဲ့ ၀တ်စုံတွေနဲ့အညီ ဖြစ်စေရေး၊ တပ်မတော်သားတွေရဲ့ စိတ်ဓာတ် ပိုမိုမြင့်မားတက်ကြွစေရေးနဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေစွာဝတ်ဆင်နိုင်ရေး အသစ်ပြဋ္ဌာန်း လိုက်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013