DVB Logo
Home
မြန်မာသတင်း
သူငယ်တန်းသင်ရိုးသစ် ပြောင်းမည်၊ မြန်မာ့ ပညာရေး နိုင်ငံတကာ အဆင့်မီရန် သမ္မတတိုက်တွန်း
DVB
·
October 5, 2015
သူငယ်တန်းသင်ရိုးသစ် ပြောင်းမည်၊  မြန်မာ့ ပညာရေး နိုင်ငံတကာ အဆင့်မီရန် သမ္မတတိုက်တွန်း
Donate to DVB

လာမယ့် ၂၀၁၆-၁၇ ပညာသင်နှစ်မှာ မြန်မာနိုင်ငံရဲ့ သူငယ်တန်းပညာရေးကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားသွားမယ်လို့ ဒီကနေ့ အောက်တိုဘာ ၅ ရက် ကျရောက်တဲ့ ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် သ၀ဏ်လွှာမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အဆင့်မြင့်ပညာရေးမှာလည်း တက္ကသိုလ် ကောလိပ်တွေ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး ဆရာဆရာမတွေ ပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်နဲ့ သင်ယူ လေ့လာမှု လွတ်လပ်ခွင့်တွေရမယ်လို့လည်း သမ္မတက ပြောပါတယ်။

နိုင်ငံတော်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံက ပံ့ပိုးပေးနေတာနဲ့ အညီ ဆရာ ဆရာမတွေ အနေနဲ့လည်း မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ သမ္မတ က တိုက်တွန်းပါတယ်။

အခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ကုလသမဂ္ဂက “လူ့အဖွဲ့အစည်း ရေရှည်တည်တဲ့တိုးတက်ဖို့ ဆရာဆရာမများရဲ့ စွမ်းရည်မြှင့်တင်စို့ “ဆောင်ပုဒ်သတ်မှတ်ပြီး နိုင်ငံတကာမှာ အခမ်းအနား တွေ ကျင်းပကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်ကလည်း မန္တလေးမြို့မှာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပါတယ်။

မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာ ကျောင်းသားဦးရေ ၈ ဒသမ ၈ သန်းနဲ့ ဆရာဦးရေ ၃ သိန်းကျော်ရှိပြီး အဆင့်မြင့်ပညာနဲ့ အသက်မွေးပညာသင် ကျောင်းသားဦးရေ ၆ သိန်းကျော်နဲ့ ဆရာဦးရေ ၂ သောင်း ကျော်ရှိတယ်လို့ သမ္မတ မိန့်ခွန်းအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013