DVB Logo
Home
မြန်မာသတင်း
ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား
DVB
·
October 5, 2015
ဘာသာတရားအားလုံးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရန် ငြိမ်းချမ်းရေးမူ ၅ ချက် သီတဂူဆရာတော် မိန့်ကြား
1 / 4
Donate to DVB

မျိုးစောင့်ဥပဒေအားလုံးပြဋ္ဌာန်းခဲ့ပေမယ့်  မြန်မာ့မြေပေါ်မှာနေတဲ့ ဘာသာတရားအားလုံးနဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ ငြိမ်းချမ်းရေးမူ ၅ ချက်ကို သီတဂူဆရာတော် အရှင်ဥာဏိဿရ က က မိန့်ကြားခဲ့ပါတယ်။

ကိုးကွယ်ရာ  ဘာသာကူးပြောင်းချင်းဆိုင်ရာ ဥပဒေနဲ့အတူ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ စတဲ့ဥပဒေ ၄ ခုကို ပြဋ္ဌာန်းလိုက်နိုင်တဲ့ မျိုးစောင့်ဥပဒေပေါ်ပေါက်လာခြင်း အထိမ်းအမှတ်ကြိုဆိုပွဲမှာ ဆရာတော်က အခုလို မိန့်ကြားလိုက်တာပါ။

ဒီငြိမ်းချမ်းရေးမူ ၅ ချက်ကို မျိုးစောင့်ဥပဒေအောင်ပွဲနေ့ အထိမ်းအမှတ်မှာပဲ တခြား ဘာသာဝင်တွေကိုလည်း ထုတ်ပြန်ကြောင်းနဲ့ သံယာတော်တွေအနေနဲ့ မိမိတို့ သာသနာရေး လုပ်ငန်းတွေ တိုးတက်အောင်ဆောက်ရွက်ဖို့ အစွန်းနှစ်ဖက်လွတ်အောင် ရှောင်ကြဖို့ကိုလည်း ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားခန်းမမှာ အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ရဟန်းရှင်လူတွေ၊ နိုင်ငံတကာ သံတမန်တွေ တက်ရောက်ခဲ့ ပါတယ်။

မျိုးစောင့် ဥပဒေ ၄ ခုနဲ့ ပက်သက်လို့ နိုင်ငံတွင်းမှာ သဘောကွဲလွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင်  နိုင်ငံတကာကလည်း မျိုးစောင့်ဥပဒေတွေနဲ့ ပက်သက်လို့ စိုးရိမ်ကြောင်း သတိပေး ထုတ်ဖော် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။  အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ ထောက်ခံတဲ့ လက်မှတ်ပေါင်း ၁ သန်းကျော်နဲ့ သမ္မတဆီကို ပေးပို့ခဲ့ပြီး ဒီနှစ်ထဲမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013