DVB Logo
Home
မြန်မာသတင်း
တောင်ငူမြို့တွင် ၄ တန်းကျောင်းသူတဦးကို တပ်သားတဦးမှ အဓမ္မပြုကျင့်
DVB
·
October 5, 2015
တောင်ငူမြို့တွင်  ၄ တန်းကျောင်းသူတဦးကို တပ်သားတဦးမှ အဓမ္မပြုကျင့်
1 / 3
Donate to DVB

ပဲခူးတိုင်း တောင်ငူမြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်သားတ ဦးက  ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။

ဥာဏ်ထွန်းအောင်အမည်ရတဲ့ ပြစ်မှုကျူးလွန်သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားတဦးဖြစ်ပြီး အဲဒီနေ့ညနေ ၅ နာရီအချိန် အဆိုပါကျောင်းသူ နေအိမ်မှာ တဦးတည်း ရှိနေချိန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက်ကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာလို့ သိရှိရပါတယ်။

အိမ်ပြန်ရောက်ချိန်မှာ မိန်းမကိုယ်မှသွေးတွေယိုစီးနေတာကို တွေ့ရပြီး ဖခင်က မေးချိန်မှာ ပြောပြခဲ့တဲ့အတွက် တောင်ငူမြို့နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ ညနေမှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူပြီး စွပ်စွဲခံရသူကို မြို့သစ် နယ်မြေရဲစခန်းမှာ (ပ)၈၆/၂၀၁၅ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ပြစ်မှု ကျူးလွန်သူဟာ အဲဒီကျောင်းသူနဲ့ အစ်မတ၀မ်းကွဲတော်စပ်သူရဲ့ခင်ပွန်းဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ကိုသားကြီး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013