DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲ ပြန်ငြိမ်သက်မှုကြောင့် ရှမ်းတောင်ပိုင်းတွင် မဲဆွယ်ခွင့်ပြန်ပေး
DVB
·
October 4, 2015
တိုက်ပွဲ ပြန်ငြိမ်သက်မှုကြောင့် ရှမ်းတောင်ပိုင်းတွင် မဲဆွယ်ခွင့်ပြန်ပေး
Donate to DVB

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က အောက်တိုဘာ ၁ ရက်ကစပြီး သူတို့ ထိမ်းချုပ်နယ်မြေတွေမှာ မဲဆွယ်စည်းရုံးခွင့်ပြုလိုက်ပေမယ့် တချို့ဒေသတွေမှာတော့ တိုက်ပွဲတွေကြောင့် မဲဆွယ်လို့ မရသေးဘူးလို့ ဒေသခံကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ရှမ်းပြည် တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) အဖွဲ့က လဲချား၊ မိုင်းရှုး၊ မိုင်းကိုင်၊ ကျေးသီး၊ ကွန်ဟိန်း၊ နမ့်စန်၊ လင်းခေး၊ မိုင်းပန် စတဲ့ တောင်ပိုင်းမြို့ ၁၀ ခုလောက်မှာ တိုက်ပွဲတွေကြောင့် မဲဆွယ်ခွင့် ရက် ၂၀ လောက်ပိတ်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှာ ပြန်ခွင့်ပြုတဲ့စာ ထုတ်ခဲ့တာလို့ လဲချားမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။

“အရင်တုန်းက စစ်ပွဲ အနေအထားကြောင့်ပေါ့လေ၊ သူတို့ တာဝန်မယူနိုင်ဘူးပေါ့၊ အခုကတော့ လွတ်လွတ်လပ်လပ်နဲ့ မဲဆွယ်ခွင့် ပေးပြီဆိုတဲ့အကြောင်း ပြောတာ။ မဲဆွယ်ခွင့် စပေးခဲ့တုန်းက နည်းနည်း စလိုက်နိုင်တယ်၊ နောက်ပိုင်း သူတို့ အမိန့်ထုတ်ပြန်ပြီးနောက်တော့ ကိုယ်က နီးစပ်တာလောက်ပဲ သွားနိုင်တယ်၊ အခုတော့ ခပ်ဝေးဝေး ရွာတွေ သွားဖို့ စဉ်းစားထားတယ်။”

အောက်တိုဘာ ၂ ရက်မှာ လဲချားကို ကာတာစင်တာက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဝင် ၂ ဦး ရောက်လာပြီး နယ်မြေလုံခြုံရေး အခြေအနေ အဓိကထား မေးမြန်းသွားတယ်လို့လည်း ပြောပါတယ်။

နမ့်စန်မြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးနေဇော်နိုင်ကတော့ သူတို့ဘက်က တိုက်ပွဲတွေဖြစ်နေသေးတာကြောင့် မဲဆွယ်မရ ဖြစ်နေသေးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ နမ့်စန်နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ ကွန်းမုန့်နဲ့ ၀မ်နောင်ဘက် အဲ့ဒီအုပ်စုဘက်မှာ တိုက်ပွဲဖြစ်တာခင်ဗျ၊ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ နဲ့ မြန်မာ့တပ်မတော်နဲ့ဖြစ်တော့ အဲ့ဒီဘက်တွေ စည်းရုံးမဆင်းပါနဲ့ဦးဆိုတော့ ဘယ်ပါတီမှ ဆင်းမရဘူး၊ အခုတော့ ပြန်ငြိမ်သွားပြန်ပြီ။”

သူတို့ဘက်မှာလည်း တိုက်ပွဲကြောင့် မဲဆွယ်စည်းရုံးရေးကာလ အခက်တွေ့ရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း ၅၅ ခုရှိပြီး ကြံ့ခိုင်ရေး၊ အန်အယ်လ်ဒီနဲ့ ရှမ်းပါတီတွေဖြစ်တဲ့ ကျားဖြူ၊ ကျးခေါင်း စတဲ့ ပါတီတွေ အကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။

မြို့ကြီးတွေဖြစ်တဲ့ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ စတဲ့ မြိုကြီးတွေမှာ အန်အယ်လ်ဒီ အားကောင်းပြီး မြို့နယ်လေးတွေမှာတော့ ရှမ်း ၂ ပါတီ အကြိတ်အနယ် ပြိုင်ကြရမယ့် အနေအထား ရှိပါတယ်။

အန်အယ်လ်ဒီပါတီကလည်း ရှမ်း၊ ကချင်နဲ့ ရခိုင်တို့မှာ အတော်ခက်ခက်ခဲခဲ ပြိုင်ရမယ့် အခြေအနေ ရှိတယ်လို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013