DVB Logo
Home
မြန်မာသတင်း
3D ပရင်တာသုံး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း နည်းပညာ (ရုပ်သံ)
DVB
·
October 4, 2015
3D ပရင်တာသုံး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း နည်းပညာ (ရုပ်သံ)
Donate to DVB

ဒန်းနစ်ပဲလက်ဂ်ဟာ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းကို တီထွင်နေပါပြီ။ အိမ်သုံး 3D ပရင်တာသုံးပြီး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေကို သူမက ထုတ်လုပ်ခဲ့သလို ဒီနည်းပညာကို ဖောက်သည်တွေ လက်ထဲကို အချိန်မီထည့်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

"ခုချိန်ထိ လုပ်ငန်းသုံး 3D ပရင်တာတွေနဲ့ ဖက်ရှင်ဒီဇိုင်နာတွေပဲ စမ်းသပ်နေတာကို တွေ့ရတယ်။ ကျမကတော့ အိမ်မှာတင် 3D ပရင်တာသုံးပြီး ဖက်ရှင်ဒီဇိုင်းစုတခုလုံးကို ကြိုးစားထုတ်လုပ်ချင်ခဲ့တာပါ။"

လုပ်ငန်းသုံးပရင်တာတွေက ပလတ်စတစ် အမာစားတွေနဲ့ပဲ အထည်တွေကို ထုတ်လုပ်နိုင်တာမို့ ၀တ်ဆင်လို့မရဘူးလို့ သူမက ဆိုပါတယ်။ အဖြေအမျိုးမျိုး ရှာပြီးတဲ့နောက်မှာတော့ FilaFlex လို့ခေါ်တဲ့ ပုံနှိပ်ပစ္စည်းတမျိုးသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပစ္စည်းက ရာဘာနဲ့ဆင်တူပြီး ကျုံ့ဆန့်သတ္တိ ပိုပြီးအားကောင်းပါတယ်။ သူ့ရဲ့ အ၀တ်အထည်ဒီဇိုင်းစု တခုလုံးကို ပုံနှိပ်ဖို့ နာရီပေါင်း ၃၀၀ သာ အချိန်ယူရပါတယ်။ ဒီအချိန်ဟာ ၁၂ ရက်စွန်းစွန်းပဲ ရှိတဲ့အချိန်ပါ။ ခုတော့ ဖြန့်ချိဖို့ အသင့်ဖြစ်နေပါပြီ။

"လူကြီးမင်းတို့အနေနဲ့ ကျမ အ၀တ်အထည်ဒီဇိုင်းတွေ ဥပမာ ဂျက်ကက်နမူနာတခုပဲ ယူလိုက်တယ်ဆိုပါတော့။ ယူပြီးတာနဲ့ ကိုယ့်အိမ်နဲ့ အနီးဆုံး စမ်းသပ်ခန်းတခုမှာ ပရင့်ထုတ်လိုက်ရုံပါပဲ။ ဖက်ရှင်ဒီဇိုင်းထုတ်နည်း၊ စက်ချုပ်နည်းတွေ သိဖို့မလိုပါဘူး။ ပရင့်ထုတ်ပြီး တွဲစပ်လိုက်ရုံပါပဲ။ အရုပ်ဆက်ပဟေဠိ ဆော့ရသလိုပေါ့။"

ကပ်ကော်တော့လိုပါတယ်။ ပြီးရင်တော့ ခုလို အရောင်အသွေးစုံပြီး သိပ်ကို သက်သောင့်သက်သာရှိတဲ့ အ၀တ်တွေ ရလာပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ပွဲမှာ ပဲလက်ဂ်ရဲ့  ဖန်တီးမှုတွေကို ၀တ်ဆင်ကြည့်ခဲ့ကြတဲ့ နိုင်ငံတကာ ဖက်ရှင်ဘလော့ဂါတွေဟာ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။

"ကျနော် သိပ်ကြိုက်တယ်။ ဖက်ရှင်ဒီဇိုင်းစုတခုလုံးက ဒီနည်းပညာနဲ့ပဲ ထုတ်ထားတာဆိုတော့ အသစ်အဆန်း ဖြစ်နေတယ်လေ။ ဒါကြောင့် အရမ်းကို သဘောကျပါတယ်။"

ခုချိန်မှာတော့ ပရင်တာနဲ့ထုတ်တဲ့ အ၀တ်အထည်တွေက သိပ်ကို ကုန်ကျစရိတ်များနေဆဲပဲလို့ ပဲလက်ဂ်က ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ ဖောက်သည်တွေအဖို့ ဈေးချိုလာမှာဖြစ်ပါတယ်။ ကိုယ်အနှစ်ခြိုက်ဆုံး ရှပ်အင်္ကျီသစ်ကို ကလစ်တချက်နှိပ်လိုက်ရုံနဲ့တင် ဒေါင်းလုပ်ချပြီး ရယူလိုက်ရုံပါပဲ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013