DVB Logo
Home
မြန်မာသတင်း
ပြင်ပပတ်ဝန်းကျင် အထိအတွေ့ ခံစားရမည့် ခေတ်လွန်ယာဉ် (ရုပ်သံ)
DVB
·
October 3, 2015
ပြင်ပပတ်ဝန်းကျင် အထိအတွေ့ ခံစားရမည့် ခေတ်လွန်ယာဉ် (ရုပ်သံ)
Donate to DVB

မော်တော်ဆိုင်ကယ်နဲ့ ကားနဲ့ပေါင်းရင် ဘယ်လိုတွေဖြစ်မလဲ။ ဟွန်ဒါကုမ္ပဏီရဲ့ နောက်ဆုံးဒီဇိုင်းက အဖြေထုတ်ပေးတော့မှာပါ။ ဟွန်ဒါကုမ္ပဏီရဲ့ ၂ ဘီးတပ် ၄ ဘီးတပ် ယာဉ်တွေကို အစွဲပြုပြီး ပေးထားတဲ့ တူးအန်ဖိုး ပရောဂျက်ကို ဖရန့်ဖာ့ကားပြပွဲမှာ ပြသခဲ့ပါတယ်။ ဒီဇိုင်နာ မာတင်ပီတာဆင်ကတော့ ဒီယာဉ်ဟာ မော်တော်ဆိုင်ကယ်ရဲ့ လွတ်လပ်မှုနဲ့ ကားရဲ့တည်ငြိမ်မှုနဲ့ လိုသလို ချိုးကွေ့နိုင်စွမ်းကို ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။ ကြွတက်လှုပ်ရှားနေတဲ့ ထိုင်ခုံဒီဇိုင်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပိုကောင်းပြီး မောင်းသူအဖို့လည်း လှုပ်ရှားရ ပိုပြီးလွယ်ကူစေပါတယ်။

"ကျနော်တို့က မောင်းနှင်သူကို မော်တော်ဆိုင်ကယ်စီးရတဲ့ ခံစားမှုကို ပေးချင်တာပါ။ ကားဆိုရင် သေတ္တာပုံးထဲမှာ ပုံသေထိုင်နေရတာမျိုးလေ။ ဒါပေမယ့် ဆိုင်ကယ်ပေါ်မှာဆိုရင် အပြင်ကိုရောက်နေပြီး အသံ၊ အနံ့၊ တုန်ခါမှု၊ အပူ၊ မိုးရေ စတဲ့ ပြင်ပ ပတ်ဝန်းကျင်ရဲ့ အထိအတွေ့တွေကို ခံစားရမယ်။ ဒါက ဒီယာဉ်မှာ ကျနော်တို့ ထည့်သွင်းထားတဲ့ မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ခံစားမှု တစိတ်တပိုင်းပေါ့။"

အမိုးဖွင့် မောင်းနှင်ခန်းမှာ လေကာမှန်လိုမျိုး မောင်းသူရဲ့ရှေ့မှာ ဖောက်ထွင်းမြင်နိုင်တဲ့ အချက်အလက်ဖော် ရုပ်မြင်စနစ်တခု ပါပါတယ်။ ဗွီဖိုး ဖိုးစထရုတ်အင်ဂျင်လို့ခေါ်တဲ့ ဟွန်ဒါကုမ္ပဏီထုတ် MotoGP ပြိုင်ဆိုင်ကယ်တွေအတွက် ထုတ်လုပ်တဲ့ အင်ဂျင်ကနေ မြင့်မားတဲ့ အရွေ့စွမ်းအင် ရရှိတာမို့ မြင်းကောင်ရေ ၂၁၂ ကောင်အားရှိပြီး ၁ မိနစ်ကို အပတ်ရေ ၁၃၀၀၀ လည်ပတ်နိုင်ပါတယ်။ ကိုယ်ထည်မှာ အမာခံဖရိန်နဲ့အတူ မော်တော်ဆိုင်ကယ်မှာ ပါမြဲဖြစ်တဲ့ ရွေ့လျားမှု အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

"ဒီယာဉ်က မော်တော်ဆိုင်ကယ်ရှုထောင့်ကနေ အများဆုံးချဉ်းကပ်ပြီး ဆောက်ထားတာ။ ဒီတော့ ကျနော်က မော်တော်ဆိုင်ကယ်ဒီဇိုင်နာ သက်သက်ပဲ။ ကိုယ်ထည်ပိုင်းရော၊ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေရော၊ စက်ပိုင်းဆိုင်ရာတွေရောက တည်ဆောက်ရတာ လုပ်ရိုးလုပ်စဉ် အတိုင်းပါပဲ။ ဒီအစိတ်အပိုင်းတွေက အရမ်းဆွဲဆောင်မှုရှိတော့ အားလုံးကို ထုတ်ပြချင်ပါတယ်။"

ချက်ချင်းထုတ်လုပ်ဖို့ အစီအစဉ် မရှိပေမယ့် ဟွန်ဒါကုမ္ပဏီရဲ့ ဖန်တီးနိုင်စွမ်းကို မိတ်ဆက်ဖို့ တူးအန်ဖိုး ပရောဂျက်ကို ဒီဇိုင်းဆွဲခဲ့တာပါ။ ဒါပေမယ့် ပီတာဆင်ကတော့ အကယ်၍သာ ဒီခေတ်လွန်ယာဉ်ကို စိတ်ဝင်စားသူများခဲ့ရင် ဒီလို အလားတူဒီဇိုင်းမျိုးကို ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013