DVB Logo
Home
မြန်မာသတင်း
ဆူညံသံများကို ဖျောက်ပစ်မည့် ခေတ်လွန် လျှပ်စစ်ကား (ရုပ်သံ)
DVB
·
October 2, 2015
ဆူညံသံများကို ဖျောက်ပစ်မည့် ခေတ်လွန် လျှပ်စစ်ကား (ရုပ်သံ)
Donate to DVB

ဖူးရှိုးကားကုမ္ပဏီဟာ ဖရန့်ဖာ့တ်ကားပြပွဲမှာ သူတို့ရဲ့ ခေတ်လွန်ကားသစ်တစီးကို ပြသခဲ့ပါတယ်။ ဖူးရှိုးဖရက်တယ် တံခါး ၂ ပေါက်ပါ လျှပ်စစ်ကားဟာ ကားမောင်းရတဲ့ အတွေ့အကြုံမှာ အဓိကဖြစ်တဲ့ အင်ဂျင်သံကိုပါ ဖြည့်စွက်ပေးထားပါတယ်။ ဒါဟာ လျှပ်စစ်ကားတွေမှာ ပျောက်ဆုံးနေတဲ့ အင်္ဂါရပ်ပဲလို့ ဖူးရှိုးကားကုမ္ပဏီက ယုံကြည်ထားပါတယ်။

"ဖူးရှိုးကုမ္ပဏီအဖို့ အနာဂတ်မှာ လျှပ်စစ်ကားဆိုရင် ဒီလိုရောဖြစ်နိုင်သလားဆိုပြီး စူးစမ်းကြည့်တဲ့ သဘောပါ။ ဒီအတွေးပေါ် အခြေခံပြီး လျှပ်စစ်ကားမောင်းရတဲ့ အရသာတခုကို ပေးနိုင်ဖို့ အားထုတ်တာပါ။ ဘာလို့လဲဆိုတော့ လျှပ်စစ်ကားတွေမှာက အသံမှမပါတာ။ အရင်ကဆိုရင် ကားမောင်းတဲ့ အတွေ့အကြုံမှာ အသံက အဓိကကိုး။"

ကားအတွင်းပိုင်းရဲ့ ၈၀ ရာခိုင်နှုန်းကို 3D ပရင်တာနဲ့ ထုတ်ထားတာဖြစ်ပြီး ဒီလိုထိုးထိုးထောင်ထောင် ကြွတက်နေတဲ့ပုံစံ ရာချီနဲ့ ကွပ်ထားတာမို့ လမ်းရဲ့ ဆူညံသံတွေနဲ့ ကားတွင်းက အသံတွေကို စုပ်ယူနိုင်ပါတယ်။

"ဒီပုံသဏ္ဌာန်တွေကို ဒီဇိုင်နာတွေရဲ့ တီထွင်မှု တစိတ်တပိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် အကန့်အသတ်ထဲဝင်မယ့် ပုံစံလောင်း ညီမျှခြင်းနဲ့သာ ထုတ်လုပ်ထားတာပါ။ ကိုယ်က အသံလာရာကို ပြောပြပြီး ဖျောက်ပစ်ချင်ကြောင်း ကွန်ပျူတာကို ပြောပြရတယ်။ ဒီပုံသဏ္ဌာန်တွေက သိပ်ကို ရှုပ်ထွေးတယ်။ ဒါတွေကို ပလတ်စတစ်နဲ့ မိုလောင်းလို့မရဘူး။ ဒီတော့ မိုမသွင်းဘဲ ထုတ်ရတာပေါ့။ ဒီတော့ ရှုပ်ထွေးပြီပေါ့။"

အန္တရာယ်ကင်းပစ္စည်းအသစ်တွေကို လျှပ်စစ်နဲ့ လျှပ်စစ်နဲ့အင်ဂျင် ဖက်စပ်ကားတွေမှာ တပ်ဆင်လာမှာဖြစ်ပြီး လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးသမားတွေကို အသံပြု အချက်ပြပေးမှာပါ။ ကားတွင်းမှာ ပြိုင်ဘက်ကင်းအသံ ဖန်တီးထားသလို ကားပြင်မှာလည်း သွားနေတဲ့ အရှိန်နှုန်းအလိုက် ပြောင်းပေးတဲ့ အသံစနစ်တွေ ဖူးရှိုးဖရက်တယ်ကားမှာ တပ်ဆင်ထားပါတယ်။ ခုလက်ရှိ ဖူးရှိုးဖရက်တယ်ကားကို ဈေးကွက်မှာဖြန့်မှာ မဟုတ်ပေမယ့် ဒီပုံစံက နောင်ထုတ်လုပ်မယ့် ကားမော်ဒယ်တွေကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။

"ဒီခေတ်လွန်ကားကို နမူနာယူပြီး နောက်ထုတ်လုပ်လာမယ့် ကျနော်တို့ကားတွေမှာ ထည့်သွင်းလာမယ့် အမယ်တွေက အများကြီးပဲ။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာအရ ခုထုတ်မယ့် ကားပုံစံက သိပ်ကို ပြောင်စပ်စပ်ဖြစ်နေတယ်။ ကျနော်ကတော့ ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတာ ဆိုတော့ ဒီကားလေးကို နေ့တိုင်းမောင်းချင်တယ်။"

ဒီကားကို လစ်သီယမ်ဘက်ထရီနဲ့ လည်ပတ်တာဖြစ်ပြီး မိုင် ၂၈၀ ထိ ခရီးနှင်နိုင်ပါတယ်။ ရပ်ရာကနေ ၆ ဒသမ ၈ စက္ကန့်အတွင်းမှာ တနာရီ ၆၂ မိုင်နှုန်းထိ အရှိန်တင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013