DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် လက်မှတ်ထိုးမည့်ရက် လက်နက်ကိုင် ၇ ဖွဲ့ ရန်ကုန်တွင် ဆွေးနွေးမည်
DVB
·
October 2, 2015
အပစ်ရပ် လက်မှတ်ထိုးမည့်ရက် လက်နက်ကိုင် ၇ ဖွဲ့ ရန်ကုန်တွင် ဆွေးနွေးမည်
Donate to DVB

အစိုးရနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးကြမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့တို့ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး အဲ့ဒီဆွေးနွေးပွဲကနေ အပစ်ရပ်လက်မှတ်ထိုးမယ့်ရက် သတ်မှတ်ကြဖို့ရှိနေပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ လက်မှတ်ထိုးမယ့်ရက်၊ လက်မှတ်ထိုး အခမ်းအနားကျင်းပပုံ၊ ပူးတွဲကော်မတီဖွဲ့ဖို့နဲ့ နိုင်ငံတကာ အသိသက်သေပါဝင်မှု စတဲ့ ကိစ္စရပ်တွေကို အပြီးသတ်ဆွေးနွေးကြမယ်လို့ ချင်းအမျိုးသားတပ်ဦးက ပူးဇင်ကျုံးက ပြောပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးကြတဲ့အခါ ၇ ဖွဲ့စလုံး တပြိုင်တည်း လက်မှတ်ထိုးကြမှာလား၊ တဖွဲ့ချင်းစီ လက်မှတ်ထိုးကြမှာလား ဆိုတာလည်း အဲ့ဒီ ဆွေးနွေးပွဲမှာ အဖြေထွက်မှာ ဖြစ်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးကြပြီးတဲ့နောက် ၁၄ ရက်အတွင်း နှစ်ဘက် ပူးတွဲကော်မတီဖွဲ့ကြရမှာမို့ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တွေ ပါဝင်နိုင်မှာလားဆိုတော့ အဲ့ဒီ အဖွဲ့တွေအတွက် နေရာချန်ထားပေးမယ်လို့ ပူးဇင်ကျုံးက ပြောပါတယ်။

“ကော်မတီတွေ ဆပ်ကော်မတီတွေ ဖွဲ့တဲ့အခါ သူတို့အတွက် နေရာတွေ လျာထားပေးလို့ ရမယ့်အနေအထားမျိုး ရှိပါတယ်၊ ဒါက ထပ်ညှိပြီးတော့မှ ရလာတဲ့ သဘောတူညီချက်အရ ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

အစိုးရနဲ့ လက်မှတ်မထိုးသေးဘူးလို့ သဘောထားမှတ်ချက်ပေးထားတဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အို) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ နိုင်ငံရေးမူဘောင်ရေးဆွဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဆက်သွားဖို့ဆိုတာက ပြီးပြည့်စုံတဲ့ အပစ်ရပ်လက်မှတ်ထိုးမှု ဆိုတဲ့အချက် အပေါ် မူတည်တယ်လို့ ပြောပါတယ်။

“တချို အယူအဆပိုင်းကို ကျနော်တို့ ဆွေးနွေးရဦးမှာပေါ့။ ဥပမာ ရက်ပေါင်း ၆၀ မှာ မူဘောင်ဆွဲမယ်။ ၉၀ မှာ နိုင်ငံရေးဆွေးနွေးပွဲ စမယ်ဆိုတာက ပြီးပြည့်စုံတဲ့ အန်စီအေ ထိုးပြီးရင်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ သို့သော်လည်းပဲ အခု တချို့ထိုးမယ်။ တချို့ မထိုးဘူးဆိုရင်  ဒီ အန်စီအေက အားလုံးပြီးပြည့်စုံတဲ့ အခြေအနေ ရောက်သလား၊ မရောက်ဘူးလားဆိုတာကို ၀ိုင်းပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ အဓိက ထားမှာပါ။”

စက်တင်ဘာလကုန်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ အစိုးရနဲ့ လက်မှတ်ထိုးမယ့် အဖွဲ့ ၇ ခု ပေါ်ထွက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအထဲ ကရင်တပ်ဖွဲ့ ၃ဖွဲ့၊ ရခိုင်၊ ပအို့ ချင်းနဲ့ ကျောင်းသားတပ်မတော် အဖွဲ့တွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013