DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးလ၀ကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား
DVB
·
October 2, 2015
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးလ၀ကရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ညက ကြိုတင်လာရောက် ချထားတယ်လို့ ယူဆရတဲ့ ဗုံးပေါက်ကွဲမှု  ၂ ကြိမ်ဖြစ် ပွားတယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တာဝန်ကျဝန်ထမ်းတစ်ဦးမှ ဒီဗွီဘီ ကို ပြောပါတယ်။

“အဲဒီနေ့က ည ၈ နာရီ မိနစ် ၄၀ မှာ တကြိမ်၊ ည ၉ နာရီမှာတကြိမ် ပေါက်ကွဲမှုဖြစ်တယ်လို့ မုံးကိုး မှာရှိတဲ့ ပြန်/ဆက်အဖွဲ့ဝင်တစ်ဦးက သတင်းပို့ထားပါတယ်။ အဆောက်အဦ နည်းနည်းပါးပါး ပျက်စီးတာကလွဲလို့ ထိခိုက်ဒဏ်ရာရသူ ဘယ်သူမှ မရှိပါဘူး။ ကြိုတင်လာချထားတဲ့ ဗုံးလို့ ယူဆရတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ဒီဗွီဘီက မုံးကိုးရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျ ၀န်ထမ်းတစ်ဦးက ဒီပေါက်ကွဲမှုဟာ  နိုင်ငံရေးကိစ္စတွေ ဖြစ်တဲ့အတွက် သတင်းပေးခွင့်မရှိဘူးလို့  ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013