DVB Logo
Home
မြန်မာသတင်း
ကြိုတင်ဆန္ဒမဲ ပေးရမည့်ရက် တိုကျို မြန်မာသံရုံး ကြေညာ
DVB
·
October 2, 2015
ကြိုတင်ဆန္ဒမဲ ပေးရမည့်ရက် တိုကျို  မြန်မာသံရုံး ကြေညာ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ ကြိုတင်မဲပေးဖို့ တိုကျို မြန်မာသံရုံးက အောက်တိုဘာ ၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။

ဂျပန်ရောက် မြန်မာအင်ဂျင်နီယာတဦးဖြစ်တဲ့ ဒေါက်တာနန္ဒလင်းကတော့ ဆန္ဒမဲပေးဖို့ ပုံစံ ၁၅ ပေးပို့ထားပြီး အခြေခံမဲဆန္ဒရှင်စာရင်းမှာ အမည်ပါပြီးဖြစ်ပေမယ့် ကွန်ပျူတာစနစ် အမှားအယွင်းတွေကြောင့် မဲစာရင်းထဲ ပါပြီးသားသူတွေ နောက်ဆုံးအခေါက် ထုတ်ပြန်တဲ့ စာရင်းထဲ ပါမလာတဲ့ သတင်းတွေ ကြားတဲ့အတွက် ပါပြီးသားစာရင်းက ပြန်ပျောက်သွားပြီး မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်​က မြန်​မာပြည်​က ပြန်​​ပေးရတာ၊ ပထမမဲစာရင်းမှာ မပါလို့ ထပ်​တိုးမဲစာရင်း​ တင်​ရတယ်​။ ထပ်​တိုးမဲစာရင်း​မှာ ပါ မပါ ​စောင့်​ကြည့်​ရ​တော့ သံရုံးကို အ​ကြောင်းကြားရမယ့် ပုံစံ ၁၅ တင်​ရမယ့်ရက်​​ ကျော်​သွားလို့ ဒီက​နေ​စောင့်​ပြီး မဲ​ပေးရတာ။" လို့ ဂျပန်မှာနေထိုင်ပြီး မြန်မာနိုင်ငံမှာ မဲပြန်ပေးမယ့် ဦးလှဟန်က ဒီဗွီဘီကို ပြောပါတယ်။

"သံရုံးမှာ မဲ​ပေးခွင့်​ရှိသူတွေဟာ မြန်​မာပြည်​က ရပ်​ကွက်​မဲစာရင်းမှာ မပါခဲ့ရင်​ မဲ​ပေးခွင့်​ မရှိဘူး။ သံရုံးက ရက်​​ကျော်​မှ​ပြောရင်​ ဘာမှ လုပ်​မရဘူး။ ကျနော်လည်း ခုမှသိတာ။ ဒါ​ကြောင့်​ ကျိန်း​သေ​အောင်​ ဒီက စောင့်​​ပေးတာ။ ဒါ​တောင်​ ​မွေး​ရက်​ ​မွေးလက မှား​နေ​သေးတယ်။ ညစ်​နည်း​ပေါင်းစုံ ညစ်​​နေတာ" လို့ သူ့အမြင်ကို ထပ်ပြောခဲ့ပါသေးတယ်။

ဆန္ဒမဲပေးရန် ပုံစံ ၁၅ ပေးပို့ကြဖို့ လှုံ့ဆော်ဆောင်ရွက်ခဲ့သူ အသက် ၂၀ အရွယ် ဂျပန်ရောက် မြန်မာကျောင်းသားတဦးဖြစ်တဲ့ ကိုကောင်းပိုင်ထက်ကတော့ သူ့ဘ၀မှာ ပထမဆုံးပေးရမယ့် ကြိုတင်ဆန္ဒမဲ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်လို့ ဆိုပါတယ်။

ပြည်ပကြိုတင်ဆန္ဒမဲတွေ မှားယွင်းမှု ဖြစ်မှာကို စိုးရိမ်သူတွေ ရှိကြသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြည်ပကနေ ပုံစံ (၁၅) ကြိုတင်မဲပေးဖို့ ၂ သောင်းသာ ရှိတယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013