DVB Logo
Home
မြန်မာသတင်း
ဘက်မလိုက်ဘဲ ကြားနေရန် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲများကို ရဲချုပ် ညွှန်ကြား
DVB
·
October 1, 2015
ဘက်မလိုက်ဘဲ ကြားနေရန် ရွေးကောက်ပွဲလုံခြုံရေး အထူးရဲများကို ရဲချုပ် ညွှန်ကြား
1 / 10
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲရက်မှာ လုံခြုံရေးတာဝန်ယူမယ့် အထူးရဲတွေအနေနဲ့ ဘက်မလိုက်ပဲ ကြားနေကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ် ဦးဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၅၁ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အခမ်းအနားမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက လာမယ့် ၂၀၁၅ ခုနှစ် အထွေထွရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ယူမယ့် အထူးရဲတွေကို အခုလို ပြောဆိုလိုက်တာပါ။

“ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲတွေအနေနဲ့ ဘက်မလိုက်ဘဲ ကြားနေတဲ့စံနှုန်းကို အမြင့်မားဆုံး ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူအားလုံး သိအောင် ပြသသွားဖို့ လိုအပ်မှာ ဖြစ်တယ်။”

ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ရယူဖို့အတွက် အထူးရဲတွေကို ခန့်အပ်တာဝန်ပေးရတာနဲ့ပတ်သတ်ပြီးလည်း ရဲချုပ်ဇော်ဝင်းက အခုလို ရှင်းပြပါတယ်။

“လုံခြုံရေးလိုအပ်ချက်အရ အထူးရဲတွေကို ခန့်အပ်ဆောင်ရွက်မှာဖြစ်တယ်။ ရွေးကောက်ပွဲကာလမှာ အထူးရဲတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ကာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေပေါ်မှာ အစောဆုံးအဆင့်မှာ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်။”

ဒါ့အပြင် ရဲချုပ်က လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့်၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးမြောက်ရေးအတွက် လုံခြုံရေးတာဝန်ယူမယ့် အထူးရဲတွေအနေနဲ့ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကြိုတင်မှန်းဆပြီး စီမံချက်တွေချမှတ်ကာ အကောင်ဆုံးပြင်ဆင်ထားဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

ရဲတပ်ဖွဲ့နဲ့မီဒီယာ ဆက်ဆံမှုကို တိုးမြှင့်သွားဖို့လည်း ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက  ၅၁ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013