DVB Logo
Home
မြန်မာသတင်း
ဒေါ်စု ဟောပြောမည့် ကချင်မနောကွင်းကို သော့ခတ်
DVB
·
October 1, 2015
ဒေါ်စု ဟောပြောမည့် ကချင်မနောကွင်းကို သော့ခတ်
1 / 2
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ မနောကွင်းကို ကချင်ပြည်နယ်အစိုးရက အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ပတ်ခြာလည်တံခါးတွေကို သော့ခတ်ပိတ်ထားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို  နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆွယ်စည်းရုံးဟောပြောရာမှာ အသုံးမပြုဖို့ ပြည်နယ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ဒီနေ့မှာတော့ မနောကွင်းကို သော့ခတ် ပိတ်ထားလိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးခင်မောင်မြင့်က “ဒီနေ့ မနက်ပိုင်းမှာ ဖြတ်သွားဖြတ်လာတွေကနေပြီး ရဲတွေ သော့ခတ်နေတယ်လို့ အကြောင်းကြားတာကြောင့် လာကြည့်တဲ့အချိန်မှာ သော့ခတ်တာကို တွေ့ရတာ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်ဖို့ ပြင်ဆင်ထားတဲ့ မနောကွင်းကို ပိတ်လိုက်ပြီး ကချင်အမျိုးသားရိုးရာယဉ်ကျေးမှု ဘက်စုံအားကစားကွင်းကို ပြုလုပ်ခွင့်ပေးလိုက်ပေမယ့် အချိန်ကပ်နေပြီဖြစ်တာကြောင့် လုပ်ရကိုင်ရ ခက်ခဲသွားတယ်လို့လည်း ဆိုပါတယ်။

ဒီကွင်းဟာ လူသွားလူလာနဲ့လည်း ဝေးပြီး ရွှံ့ဗွက်တွေရှိသလို ဇာတ်စင်ကအစ ပြန်လုပ်ရတော့မှာမို့ အခက်အခဲဖြစ်တယ်လို့ ပြောပါတယ်။

manawအခုလို ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး မနောကော်မတီဥက္ကဋ္ဌကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာ ပြုလုပ်ခွင့်မရရှိတာကိုသာ သိပြီး သူတို့သော့ပိတ်တာ မဟုတ်ကြောင်းနဲ့ သော့ပိတ်မယ့် အစီအစဉ်ကိုလည်း သူတို့မသိကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီ အစည်းအဝေး ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အခု သော့ခတ်ပိတ်လိုက်တဲ့ မနောကွင်းမှာ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လာတုန်းက ဟောပြောခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013