DVB Logo
Home
မြန်မာသတင်း
ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မည်ဟု ဦးစခုန်တိန့်ယိန်း ပြော
DVB
·
September 30, 2015
ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မည်ဟု ဦးစခုန်တိန့်ယိန်း ပြော
Donate to DVB

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်လို့ ဦးစခုန်တိန့်ယိန်းက ပြောဆိုတယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောပါတယ်။

ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးစခုန်တိန့်ယိန်းကို  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၉ ရက်နေ့က မြစ်ကြီးနားမြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

နေ့လယ် ၂ နာရီကနေ ၄ နာရီခွဲလောက်အထိ ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီးမှာတော့ ဦးစခုန်တိန့်ယိန်းအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပေဒအတိုင်း လိုက်နာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဦးမောင်မောင်ကွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကတော့ စေ့စပ်ညှိနှိုင်းရေး ကော်မရှင်က ခေါ်ပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ နဲ့ အခန်း ၁၄ ကို ကျနော်ရှင်းပြပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်ကို ရှင်းပြပါတယ်။ ၁/၂၀၁၄  ပေါ့။ အားလုံးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်မယ်လို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။”

ဦးစခုန်တိန့််ယိန်းက သူအုပ်ချုပ်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ မှာ ဘယ်ပါတီမှ မဲမဆွယ်ရဘူးဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေက စာထုတ်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီဒေသကို သွားရောက်မဲဆွယ် စည်းရုံးခဲ့တဲ့ အန်အယ်လ်ဒီပါတီရော၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပါ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့ကတော့ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူအသိပေးတာ ဖြစ်ပေမယ့် ဦးစခုန်တိန့်ယိန်း အနေနဲ့ ရွေးကောက်ပွဲဥပဒေပါ ပြစ်မှုကို ကျူးလွန်ရင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရဲမှာ အမှုဖွင့်နိုင်တယ်လို့လည်း ဦးမောင်မောင်ကွန်းက ပြောပါတယ်။

“ယူအီးစီအနေနဲ့က အရေးယူလို့မရဘူး။ ကျနော်တို့ကတော့ ဥပဒေ  လုပ်ထုံးလုပ်နည်း အတိုင်းပဲ သွားမှာပဲ။ သူက အခန်း ၁၃ ပါ ပြစ်မှုကို ကျူးလွန်ရင် သက်ဆိုင်ရာ ပုပ္ဂိုလ်များကနေ ရဲအမှုပိုင်ဖြစ်တဲ့အတွက် ရဲမှာပဲ သူက အမှုဖွင့်ရမယ်။”

ပန်ဝါမြို့အခြေစိုက် ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့ မြို့နယ်သုံးခုအတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013