Home
မြန်မာသတင်း
၂၀၁၅ ခုနှစ်တွင်း မြန်မာသို့ ကမ္ဘာလှည့်ခရီးသည် ၄ သန်းခွဲကျော် ၀င်ရောက်မည်ဟု မျှော်မှန်း
DVB
·
September 30, 2015
၂၀၁၅ ခုနှစ်ခရီးသွားရာသီမှာ မြန်မာနိုင်ငံတွင်းကို လာရောက်လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသွားဦးရေဟာ ၄ ဒသမ ၅ သန်းကျော်ရှိနိုင်တယ်လို့ ခရီးသွားလုပ်ငန်း ဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ အခုနှစ်စက်တင်ဘာလအထိ ရရှိတဲ့စာရင်းတွေအရ ၂၀၁၄ ခုနှစ်မှာဝင်ရောက်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေဟာ ၃ ဒသမ ၈ သန်းရှိခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဦးဌေးအောင်က အဲဒီထုတ်ပြန်ချက်မှာ ပြောပါ တယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှထုတ်ပြန်တဲ့ စာရင်းတွေအရ သြဂုတ်လ ၃၁ ရက်နေ့ထိ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ တရားဝင်လိုင်စင်ချထားပေးတဲ့ ဟိုတယ်အလုံးပေါင်း ၂၂၅ လုံးနဲ့ ခရီးသွားလုပ်ငန်းအေဂျင်စီ ၁၈၄၇ ခုရှိ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ ခုနှစ်မှာတော့ နိုင်ငံတွင်းလာရောက်လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသွားဦးရေ ၅ သန်းဝင်ရောက်လာဖို့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024