DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်း တရားမျှတမှုအတွက် ဥရောပသမဂ္ဂမှ ကျပ်သန်း ၃ သောင်း ထောက်ပံ့
DVB
·
September 30, 2015
မြန်မာနိုင်ငံတွင်း တရားမျှတမှုအတွက် ဥရောပသမဂ္ဂမှ ကျပ်သန်း ၃ သောင်း ထောက်ပံ့
Donate to DVB

မြန်မာနိုင်ငံတွင်း ဆင်းရဲသူတွေ၊ အန္တရာယ် ကျရောက်လွယ်တဲ့ အုပ်စုတွေနဲ့ အသိအမှတ်ပြုမခံရတဲ့ လူနည်းစုတွေ တရားမျှတမှုအတွက် ဥရောပသမဂ္ဂမှ ကျပ်သန်းပေါင်း သုံးသောင်း ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံက တရားမျှတမှုတွေကို လက်လှမ်းမီစေဖို့ My Justice ဆိုတဲ့ အစီအစဉ်တစ်ခုကို စတင်နေပြီလို့  စက်တင်ဘာလ ၂၉ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။ ၄ နှစ်ကြာမြင့်မယ့် အဲဒီအစီအစဉ်ကို ဥရောပသမဂ္ဂက ယူရို သန်း ၂၀ (မြန်မာငွေ ကျပ်သန်းပေါင်း သုံးသန်း ) ထောက်ပံ့ပြီး ဗြိတိသျှကောင်စီက စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် ၆ ခုမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ ရန်ကုန်နဲ့ မော်လမြိုင်မှာ ရှေ့ပြေး သုတေသန တွေ စလုပ်နေ ပါပြီ။

ဒီအစဉ်ဟာ လူထုအခြေပြု ပညာပေးရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ပြီး ပြဿနာတွေကို ဒေသခံတွေကိုယ်တိုင် ဦးဆောင်ဖြေရှင်းတဲ့ နည်းလမ်းတွေကို ပျိုးထောင်ပေးသွားမယ်လို့ အစီအစဉ်ကို ဦးဆောင်သူ မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာတရာဥပဒေ မစိုးမိုးတာနဲ့ အဂတိလိုက်စားတာတာမှာ ထိပ်ဆုံးနေရာတွေကို ရောက်နေတာပါ။

“ကျနော်တို့က ငွေကြေးတွေကို ပညာပေးနည်းလမ်းတွေမှာ သုံးမှာ ဖြစ်တဲ့အတွက် ဒီငွေတွေဟာ အဂတိလိုက်စားတာထဲကို ရောက်သွားမှာ မဟုတ်ပါဘူး။ လူတွေကို ပြဿနာတွေဖြစ်လာရင် ရုံးရောက်၊ ဂတ်ရောက် မဖြစ်ခင် ညှိနှိုင်းဖြေရှင်းတဲ့နည်းကို သင်ပေးသွားမှာပါလို့” မစ္စတာ ပီတာ ဗိုင်နာ (Peter Viner) က ဒီဗွီဘီရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013