DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား မနောကွင်းတွင် မဲဆွယ်စည်းရုံးဟောပြောခွင့်ပိတ်ပင်
DVB
·
September 29, 2015
မြစ်ကြီးနား မနောကွင်းတွင် မဲဆွယ်စည်းရုံးဟောပြောခွင့်ပိတ်ပင်
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို  နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဟောပြောရာမှာ အသုံးမပြုဖို့ ပြည်နယ်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။

မနောကွင်းမှာခွင့်ပြုရင် ပြဿ     နာ ဖြစ်ပေါ်မှာကို စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ပိတ်ပင်ထားတာလို့ မြစ်ကြီးနားပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်က အန်အယ်ဒီ ကိုယ်စား လှယ်လောင်း ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။

“အစိုးရပိတ်တဲ့ အကြောင်းချက်က နံပါတ် ၁ က အဲဒီမနောကွင်းနေရာက ဟိုးလွတ်လပ်ရေး ရစဉ်တုန်းက သမ္မတ စပ်ရွှေသိုက်နဲ့ ကျနော်တို့ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနော်တို့ အတူပူးတွဲပြီးမှ အင်မတန်သမိုင်းဝင်တဲ့ မနောပွဲ အကြီးအကျယ်ကို ဖွင့်လှစ်တဲ့နေရာ ဖြစ်တယ်တဲ့။ ဒုတိယ အချက်ကတော့ အခုအဲဒီမနောကွင်းနေရာသည် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးနေတဲ့နေရာဖြစ်တယ်။ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ လုပ်ငန်းတွေ ဘာတွေလုပ်တဲ့ နေရာပေါ့။   တတိယအချက်က အဲဒီနေရာသည် ကချင်လူမျိုးများရဲ့ အထွဋ် အထိပ်နေရာ၊ သမိုင်းဝင်နေရာ၊ သူတိုရဲ့ ရိုးရာယဉ်ကျေးမှုတွေဘာတွေ ဖော်ထုတ်တဲ့နေရာ။ မနောပွဲတွေဘာတွေ ကတဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် အကယ်၍များ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို အဲဒီနေရာမှ ပွဲလမ်းသဘင်လုပ်ခွင့်ပြုခြင်းအားဖြင့် ကချင်တိုင်းရင်းသားလူမျိုးများ အကြောင်းအခုခုကြောင့် ပြဿနာရှာပြီး ပြဿ     နာတက်လာနိုင်သည့် အတွက်ကြောင့် ကြိုတင်ကာကွယ်သောအနေနဲ့ ခွင့်မပြုနိုင်ပါဘူးတဲ့။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တဲအတွက် အဲဒီမနောကွင်းထဲ လူထုနဲ့ တွေ့ဆုံပွဲ လုပ်ဖို့ တင်ပြခဲ့ရာ ခွင့်ပြုချက်မပေးတာဖြစ်တယ်လို့လည်း ဦးအင်ထုံးခါးနော်ဆန်က ပြောပါတယ်။

မနောကွင်းအပြင် မြစ်ကြီးနားမှာ တခြားကွင်းတကွင်းရှိနေပေမယ့် အဲဒီကွင်းဟာ မိုးရွာရင် ရေ၀ပ် တာကြောင့် ဟောပြောပွဲလုပ်ချိန်မိုးရွာရင် လူထုအတွက် အဆင်မပြေမှာစိုးရိမ်တာကြောင့် မနောကွင်းမှာ လုပ်ခွင့်ပေးဖို့ ခွင့်ပြုချက်တင်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ခေါင်းဆောင် ဦးမနာမ်တူးဂျာကလည်း သူတို့ ပါတီအနေနဲ့ လည်း မနောကွင်းမှာ စည်းရုံးဟောပြောခွင့် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်မရဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပါတီချည်းပဲမဟုတ်ပါဘူး။ အခုဒီဝန်ကြီးချုပ်က ပါတီအားလုံးကို စာပို့ထားတယ်။ မနောကွင်းမှာ ဘယ်ပါတီကိုမှ စည်းရုံးခွင့်မပေးနိုင်ဘူးဆိုပြီးတော့ ပိတ်ပင်ထား လိုက်တာပေါ့နော်။ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဆိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ပြဿ     နာပေါ် မှာ စိုးရိမ်တာပေါ့။ အကြောင်းပြချက်ကတော့ အဲဒါပါပဲ။”

ကချင်ပြည်နယ်ရွေးကောက်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ဆက်သွယ်မေးမြန်းရာမှာလည်း ဒီပိတ်ပင်ချက်ဟာ မှန်ကန်ကြောင်းအတည်ပြု ပြောကြားပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ကွမ်းကတော့ ဒီကိစ္စပါတီက သူတို့ဆီတင်ပြတာမရှိသေးလို့ ဘာမှ ဆုံးဖြတ်ချက်ချတာမရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ သူတို့လည်း တက်မလာသေးပါဘူး။ သူတို့ လျှောက်လွှာကို မလာသေးတာ။ သူတို့က သက်ဆိုင်ရာ လျှောက်လွှာနဲ့တင်ပြရမှာပေါ့။ လျှောက်လွှာ ကျနော့်ဆီတောင် ရောက်မလာသေးပါဘူး။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ မဲဆွယ်စည်းရုံးမှုမလုပ်ဖို့ ၀န်ကြီးချုပ်ကအခုလို တာဖြစ်သလို ပန်ဝါမြို့နယ်က ကချင်အထူးဒေသ ၁ ကလည်း  ထာဝရငြိမ်းချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ရေးမလုပ်ဖို့   တားမြစ်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013