DVB Logo
Home
မြန်မာသတင်း
ကျားဖြူပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
DVB
·
September 29, 2015
ကျားဖြူပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ရဲ့  ရွေးကောက်ပွဲ မဲဆွယ်မြေစိုက်ပိုစတာတွေ အကြိမ်ကြိမ်ဖျက်ဆီးခံခဲ့ရတယ်လို့ ပါတီလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

“တရားခံကိုဖော်ထုတ်နိုင်ပြီလို့ ရဲစခန်းက မနေ့တုန်းက ပြောလာပါတယ်ခင်ဗျ။ ဒါပေမယ့် သူတို့ဟာ လူငယ်တွေဖြစ်တာကတကြောင်း၊ ကျနော်တို့နဲ့ ပြိုင်ဘက် ရှမ်းပါတီတစ်ခုက ကိုယ်စားလှယ်လောင်းရဲ့ သားတယောက်လည်း ပါနေတာကြောင့် အခင်မင်မပျက်ချင်တာနဲ့ အမှုမလုပ်တော့ဘူးလို့ဘဲ ဆုံးဖြတ်လိုက်ပါတယ်။”

ပါတီဆိုင်းဘုတ်ဖျက်ဆီးသူဟာ တစ်ဦးထက်မက ရှိကြောင်း၊ ဒါပေမယ့် အတိအကျနဲ့ နောက်ထပ်အသေးစိပ်အကြောင်းအရာကိုတော့ နမ့်လန်ရဲစခန်းကို တိုက်ရိုက်မေးမြန်းဖို့ သူက ဆက်ပြောပါတယ်။  သီပေါမြို့နယ်ရဲစခန်း ကတော့ အဲဒီအမှု အစီရင်ခံစာ တက်မလာသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ကျားဖြူပါတီကို မဲပေးပါလို့ ရေးသားထားတဲ့ သီပေါမြို့နယ် နမ့်လန်မြို့လည်ခေါင်က မြေစိုက်ပို စတာဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်ညမှာ ဖျက်ဆီးခံခဲ့ရပြီး ၂၅ ရက်နေ့မှာ အသစ်ပြန်စိုက်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအသစ်ဟာ ၂၆ ရက်နေ့ညမှာ ပြန်လည်ဖျက်ဆီးခံရတဲ့အပြင် နမ့်မော်ဟင်ရ ပ်ကွက်ထဲက လှုံ့ဆော်ရေးပိုစတာတစ်ခုလည်း နောက်ထပ်ဖျက်ဆီးခံရပြန်ပါတယ်။

အခုလို သုံးကြိမ်တိုင်အဖျက်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကိုရော မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဆီကိုပါ  တိုင်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013