
ကမ္ဘာ့အကြီးဆုံးသဘာဝဓာတ်ငွေ့သိုက်ဖြစ်တဲ့ ဆောက်ပါးကို တိုက်ခိုက်ခဲ့တာ အစ္စရေး တနိုင်ငံ တည်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။
ဒါ့အပြင် ဒီစစ်ပွဲဟာ အမေရိကန်သမ္မတ ထရမ့်ပ်ကို အတင်းအကျပ်ဆွဲသွင်းခဲ့တာ မဟုတ်ဘူးလို့ လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။
“သမ္မတ ထရမ့်ပ်ကို ဒါလုပ်ပါလို့ တယောက်ယောက်က ပြောနေတယ်လို့ ထင်တဲ့သူရှိလား” ဆိုပြီးလည်း နေတန်ယာဟုက ရှင်းပြခဲ့ပါသေးတယ်။
အီရန်ကို ထိုးစစ်ဆင်တာ ရက် ၂၀ ကျော်ကြာပြီးနောက် ဘော်လစ်စတစ်ဒုံးကျည်တွေ ဒါမှမဟုတ် ယူရေနီယံသန့်စင်နိုင်စွမ်းတွေကို ဖျက်ဆီးပစ်လိုက်ပြီလို့ နေတန်ယာဟုက မတ် ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ယူရေနီယံသန့်စင်တာတွေ အီရန် ဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ အထောက်အထားမျိုးကို တော့ နေတန်ယာဟုက ပြခဲ့တာ မရှိပါဘူး။
အီရန်ရဲ့ နျူကလီးယားအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ အာရုံစိုက်ခဲ့ပေမဲ့ ဆွေးနွေးမှု ပျက်ပြားခဲ့တဲ့နောက် အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ လေကြောင်း တိုက်ခိုက်မှု တွေ စတင်ခဲ့တာပါ။
စစ်ပွဲကာလ ၃ ပတ်အတွင်းကို ရောက်နေပြီး အစိုးရကို အီရန်ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြမှု တွေနဲ့ ဖြုတ်ချမယ်ဆိုတာ ပြောဖို့ စောလွန်းနေသေးတယ်လို့လည်း နေတန်ရာဟုက ပြောခဲ့ပါတယ်။
ဆောက်ပါးဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရပြီးနောက် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို တန်ပြန်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
အစ္စရေးကို အလျင်အမြန် ဒုံးကျည်တွေနဲ့ အုပ်စုလိုက် ၄ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့လည်း အီရန် ရုပ်သံတွေက ဖော်ပြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်ကို တိုက်မယ်ဆိုရင် သီးခံမှာမဟုတ်ဘဲ လက်တုံ့ပြန်မယ်လို့ ကြိမ်းဝါးပြောဆိုထားပါတယ်။
အီရန်ဟာ အစ္စရေးကို လက်တုံ့ပြန်ခဲ့သလို ဆော်ဒီနဲ့ ဘာရိန်းတို့ကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။
အီရန်ဟာ စစ်ပွဲ စတင်ချိန်းကတည်းက ဘာရိန်းကို ဒုံးကျည် ၂၃၈ စင်း ပစ်ခဲ့ပြီး ၁၃၉ စင်းကို ကြားဖြတ် ဖျက်ဆီးခဲ့ရတယ်လို့ ဘာရိန်းက ပြောထားပါတယ်။
Source:Reuters











