DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဖမ်းမိသည့် မူးယစ်ဆေးများ မြန်မာဘက်ခြမ်းမှဟု ထိုင်းရှင်းလင်း
DVB
·
September 28, 2015
ထိုင်းတွင် ဖမ်းမိသည့် မူးယစ်ဆေးများ မြန်မာဘက်ခြမ်းမှဟု ထိုင်းရှင်းလင်း
Donate to DVB



ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့မှာ အိမ်နီးချင်းတဘက်နိုင်ငံရှိ ၀ တပ်ဖွဲ့နဲ့ ဆက်နွယ်သူတွေထံက စိတ်ကြွဆေးပြား၊ ဘိန်းဖြူ နဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုချက်ကို သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် မှာ စက်တင်ဘာလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ အတွင်းရေးမှူး နိုင်းဖိန့်ဖုန်း ချောင်ဝလစ် က ပြောကြားခဲ့တာပါ။

ခုတခေါက် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေမှာ စိတ်ကြွဆေးအလုံးပေါင်း ၂ သန်း ၃ သိန်း ၇ ထောင့် ၆ ရာ၊  ဘိန်းဖြူ အလေးချိန် ၃၆ ကီလိုဂရမ်၊ အိုက်စ်ရေခဲဆေး ၄၂ ကီလိုဂရမ်တို့ ပါဝင်ပြီး   စက်တင်ဘာလ ၂၅ ရက်နေ့က  မယ်ဆိုင် နဲ့ ချင်းမိုင်သွား ကားလမ်းမကြီးနဲ့ အတွင်းပိုင်း မီတာ ၃၀၀ အကွာ တောအုပ်ထဲမှာ ကျင်းတူးပြီးဖွက်ထားတာက ပမာဏ အများဆုံးပဲလို့ ဆိုပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေဟာ  မြန်မာနိုင်ငံနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်ဘက်ကနေ တဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း ချိုင်းပရကန်း၊ ဆန်ကမ်ပိုင်း၊ မယ့်ဆွေနဲ့ ဒွိုင်စကစ် စတဲ့မြို့နယ်ဘက်ကို ၀င်ရောက်လာတာလို့ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံသား မှတ်ပုံတင်ရှိသူ လူ ၅ ဦးကို တနေရာစီကနေ ဖမ်းဆီးရရှိခဲ့တာလို့ သူက ပြောပါတယ်။

အဆိုပါ လူ ၅ ဦးအနက် နိုင်းဝိရ၀ပ် ဥဒုမ်းလုတ်ကျကွန်း အမည်ရှိသူမှာ ၀တပ်ဖွဲ့ အမှတ် ၁၇၁  တပ်ရင်းမှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ကျလောဘိုရဲ့ သားမက်နဲ့ ညီအကိုတော်စပ်ပြီး နယ်စပ်တောလမ်းမှ မူးယစ်ဆေးသယ်ဆောင်ဖို့အတွက် လားဟူပြည်သူ့စစ် အဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သူတို့တတွေဟာ အခုလိုမူးယစ်ဆေးဝါးသယ်ဆောင်မှုကို အနည်းဆုံး ၁၀ ကြိမ် ကျူးလွန်ခဲ့ပြီး တကြိမ်ကို စိတ်ကြွဆေးအလုံးရေ ၅ သိန်း သယ်ဆောင်ခဲ့တယ်လို့  ဖမ်းဆီးရမိသူတွေက ထွက်ဆိုပါတယ်။

ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါလူ ၅ ဦးနဲ့ ပတ်သက်တဲ့ ကွင်းဆက်တွေ လိုက်လံ ရှာဖွေပြီး ဘတ် ၂၅ သန်းတန်ဘိုးရှိ သူတို့ပိုင်ဆိုင်တဲ့ အိမ်နဲ့ကားတွေ၊ မူးယစ်ဆေး ရောင်းဝယ်ရာမှာ ငွေလွှဲပြောင်းတဲ့ ဘဏ်ငွေစာရင်းစာအုပ်ပေါင်း ၇၆ အုပ်နဲ့ ငွေ ၁ သန်း ၁ သိန်းတို့ကို သိမ်းဆည်းခဲ့တယ်လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူဒဗလျူအက်စ်အေ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီကို ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းရာမှာ ပြင်ပဆက်သွယ်ရေးတာဝန်ခံ ဦးကျောက်ကိုအန်းက သတင်းအချက် အလက်မရရှိကြောင်းနဲ့ ထိုင်းဘက်မှာ မူးယစ်ဆေးဝါးဖမ်းမိတိုင်း ၀ တပ်ဖွဲ့ကို စွပ်စွဲလာတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီဖြစ်ကြောင်း ပြန်လည်တုန့်ပြန်ပါတယ်။

အဆိုပါ တပ်ရင်း ၁၇၁ မှာ တောင်ပိုင်းဝ တပ်ဖွဲ့ဖြစ်ပြီး သူက တော့ မြောက်ပိုင်းမှာရှိနေတဲ့အတွက် ထိုင်းသတင်းမှာပါတဲ့ ၀ တပ်မှူးကို မသိရကြောင်း၊ ၀ ဒေသမှာတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေကြောင်း ဦးကျောက်ကိုအန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013