DVB Logo
Home
မြန်မာသတင်း
မံစီမြို့အနီး တိုက်ပွဲဖြစ်၊ ရုံးနှင့် ကျောင်းများ ပိတ်ထားရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
DVB
·
September 28, 2015
မံစီမြို့အနီး တိုက်ပွဲဖြစ်၊ ရုံးနှင့် ကျောင်းများ ပိတ်ထားရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်ခရိုင်  မန်စီမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်တွေအကြား စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းကနေ ဒီကနေ့ အထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မံစီမြို့နဲ့ ၅ ဖာလုံလောက်အကွာက လံဂျာဘွန်နဲ့ ပါတော်ဆိုတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားနေ တာဖြစ်ပြီး တိုက်ပွဲကြောင့် မံစီမြို့ ပြင်ဦးလွင်ရပ်ကွက်နဲ့ ရွာသစ်ကုန်းရပ်က ဒေသခံတွေလည်း ဗန်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မံစီမြို့နယ်ကို သွားရောက်ခဲ့တဲ့ ဒေသခံ ခရစ်ယာန်သင်းအုပ်ဆရာ ဆရာခါးအောင် ဒီဗွီဘီကို ပြောပါတယ်။

“ဒီတိုက်ပွဲကြောင့် မံစီမြို့ ပြင်ဦးလွင်ရပ်ကွက်ကရော၊ ရွာသစ်ကုန်းဆိုတဲ့ ရပ်ကွက်ကရော တော်တော်များများ နည်းနည်းလွတ်နေတဲ့ ကောင်ရာရပ်ကွက်တို့၊ တချို့တလေကျတော့ ဗန်းမော်ဖက်တို့ တိမ်းရှောင်နေတာရှိပါတယ်။ အဓိကကတော့ မြို့လယ်ကောင် စေတီကုန်းကနေ စစ်တပ်ကနေရာယူထားပြီးမှ လက်နက်ကြီးတွေနဲ့ ထုနေတာ။ အဲဒါ ထုလို့ရှိရင်လေ အဲဒီပတ်ဝန်းကျင်ရဲ့ အိမ်တံခါးတွေရော၊ မှန်တွေ တအားခါနေတယ်။ အခုအနေအနေအရဆိုရင် ပြည်သူလူထုအတွက် တော်တော်လေးစိုးရိမ်ရတဲ့ အနေအထားမှာဖြစ်နေတယ်။ ”

ဒါအပြင် အစိုးရရုံးတွေ၊ အထက်တန်းကျောင်းတွေလည်း ပိတ်ထားရပြီး ဒီကနေ့မှာလည်း အဲဒီရုံးနဲ့ ကျောင်းတွေမှာ အစိုရတပ်က နေရာယူထားတယ်လို့ သူက ပြောပါတယ်။

“တိုက်ပွဲက ပို့ပြီးမှ ပြင်းထန်လာမယ်လို့ထင်တယ်။ မိုးလင်းတာနဲ့ ဗန်းမော်ဘက်က စစ်ကြောင်းတော်တော်လေး ထိုးထားတယ်။ မြို့ရဲ့ကပ်ရဲ့ ရဲစခန်းတို့၊ ဈေးထဲတို့၊ မံစီ စာသင်ကျောင်းတွေမှာရော စစ်တပ်ကနေ နေရာချထားတယ်။ ၀န်ထမ်းတွေလည်း တယောက်မှ မရှိတော့ဘူး။ မနေ့ကပဲ ကျနော်ရောက်ခဲ့တယ် စာသင်ကျောင်းဝန်ထမ်းဘက်မှာ အကုန်လုံး တံခါးပိတ်ပြီးမှ ဘယ်ရောက်ကုန်လဲတော့ မသိဘူး။”

လံဂျာဘွပ်နဲ့ ပါတော်ဆိုတဲ့ နေရာဟာ ကေအိုင်အေ ရှေ့တန်းတပ်စခန်းရှိနေတာဖြစ်ပြီး အဲဒီစခန်းကို အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့လည်း  ဆရာခါးအောင်က ပြောပါတယ်။

ဒီတိုက်ပွဲသတင်းနဲ့ပတ်သက်လို့ ကေအိုင်အေဘက်ကရော၊ အစိုးရဘက်ကပါ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာလည်း မံစီမြို့နဲ့ ၁၅ မိုင်ကွာဝေးတဲ့ မိုင်းခေါင်ဒေသဖက်မှာ လည်း အစိုးရတပ်က လိုင်ကာရွက်ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုဖို့ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကမ်းလှမ်းပြီး ရက်သတ်မှတ်ဖို့ စီစဉ်နေ ကြချိန်မှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ တောက်လျောက် ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013