DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် အပြတ်အသတ်နိုင်ရေး သန္နိဋ္ဌာန် ပါတီ၂၇ နှစ်ပြည့်နေ့တွင် ချမှတ်
DVB
·
September 27, 2015
အဖွဲ့ချုပ် အပြတ်အသတ်နိုင်ရေး သန္နိဋ္ဌာန် ပါတီ၂၇ နှစ်ပြည့်နေ့တွင် ချမှတ်
Donate to DVB

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိရေး သန္နိဋ္ဌာန်ချ ကြိုးပမ်းကြဖို့ ပါတီတည်ထောင်တဲ့ ၂၇ နှစ်မြောက်ကြေညာချက်မှာ တိုက်တွန်း ဖော်ပြလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ ပါတီထူထောင်ခြင်း ၂၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၂၇ နှစ်အတွင်း ပြည်သူနဲ့ ထပ်တူခံစား ယှဉ်တွဲတိုက်ပွဲဝင်ခဲ့တဲ့ တခုတည်းသော ပါတီဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြည်သူလူထုဟာ အဖွဲ့ချုပ်ကို တောက်လျှောက်ထောက်ခံအားပေးလာတာ ခုချိန်ထိပဲလို့ ပြောပါတယ်။

“၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့ အပြတ်အသတ်နိုင်တယ်၊ သို့သော်လည်းပဲ အာဏာ မရခဲ့ဘူး၊ အာဏာ မရသော်လည်းပဲ ပြည်သူလူထုဟာ ကျနော်တို့ အန်အယ်လ်ဒီကို ထောက်ခံတယ်ဆိုတဲ့အချက်ကို ကမ္ဘာက သိသွားတယ်။ အဲ့ဒီ သိတဲ့အချက်ဟာ အန်အယ်လ်ဒီအတွက် အမြတ်ပဲ၊ အလားတူပဲ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ အပြတ်အသတ်နိုင်တယ်။ အဲ့ဒီတော့ ပြည်သူလူထုဟာ ကျနော်တို့ပါတီအပေါ် ထောက်ခံမှု မပြတ်ဘူးဆိုတာ ဒါ ထင်ရှားတယ်။”

၂၇ နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့အနိဋ္ဌာရုံတွေကတော့ ၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ထောင်ကျတယ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်း နေအိမ်အကျဉ်းချခံရတယ်၊ ဒီပဲယင်းမှာ အသက်အန္တရာယ်ပြုတဲ့ထိ ရန်ပြုခံခဲ့ရတယ် စသဖြင့် အများကြီး ကြုံတွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဖွဲ့ချုပ် ၂၇ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်အပြတ်အသတ်အနိုင်ရဖို့ သန္နိဋ္ဌာန်ချရတာက အပြတ်အသတ်နိုင်မှ အစိုးရဖွဲ့နိုင်မယ်၊ ဖွဲ့စည်းပုံပြင်နိုင်မယ်၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ပြီး နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း လုပ်ချင်လို့ ဖြစ်တယ်လို့လည်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013