DVB Logo
Home
မြန်မာသတင်း
ပါတီကိုမကြည့်ဘဲ လူကိုကြည့်ပြီး မဲပေးကြရန် ဦးခင်ရွှေ ပြော
DVB
·
September 27, 2015
ပါတီကိုမကြည့်ဘဲ လူကိုကြည့်ပြီး မဲပေးကြရန် ဦးခင်ရွှေ ပြော
Donate to DVB

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရွှေ က ပါတီကိုမကြည့်ဘဲ လူကိုကြည့်ပြီး မဲပေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်ရွှေဟာ စက်တင်ဘာ ၂၆ ရက်နေ့က ကော့မှူးမြို့နယ် မဲဆန္ဒရှင်တွေနဲ့ မဲဆွယ်ကာလအတွင်း ပထမဆုံးတွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

မြို့နဲ့ အလှမ်းဝေးတဲ့ နယ်ဒေသက လူထုတွေအနေနဲ့  မဲပေးရာမှာ ပါတီကိုမကြည့် လူကိုသာကြည့်ပြီး မဲပေးသင့်တယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

“အပွင့်လင်းဆုံးပြောရရင် မြို့ပေါ်က လူတွေအတွက်ကတော့ ပြဿ နာမရှိဘူး၊ ပါတီကြည့်ပြီးပေးကြတာ။ ခင်ဗျားတို့နယ်က လူတွေကျတော့ လိုအပ်ချက်တွေအများကြီးရှိတယ်။ အခုကျနော်လာတယ်၊ လမ်းတွေလိုသေးတယ်၊ ကျန်တဲ့ စီးပွားရေးတွေလိုသေးတယ်။ တချို့ရွာတွေ မီးတွေလိုသေးတယ်။ တချို့ရေမြောင်းတွေ လိုသေးတယ်။ အဲ့ဒါကို ပါတီတခုတည်းကြည့်ပြီးတော့ ခင်ဗျားတို့ မဲထည့်ကြမယ်ဆိုရင် ခင်ဗျားတို့ကို ဘယ်သူက လာလုပ်ပေးမှာလဲ။  ကျနော်တို့ကျတော့     လွှတ်တော်မှာလည်းပြောတယ်၊ နောက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လည်း လိုက်ပြီးကူနေတယ်။ အဲဒါကြောင့် ခင်ဗျားတို့လို နယ်တွေကျတော့ လူကိုအဓိက ကြည့်ရမယ်။”

လက်ရှိ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးခင်ရွှေဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ သူ့ရဲ့ မဲဆန္ဒနယ်ကနေ မိသားစုသန်းခေါင်စာရင်း ပြောင်းရွှေ့မဲပေးသွားမှာဖြစ်ပြီး  ကော့မှူးမြို့နယ် ပျဉ်းကတိုးကုန်းရွာ ဒေသခံ ဒေါ်ခင်ကြည် မိသားစုသန်းခေါင်စာရင်းမှာ ဒေါ်ခင်ကြည်ရဲ့ မောင်အဖြစ် သန်းခေါင်စာရင်းဝင်ထားပါတယ်။

ဦးခင်ရွှေနဲ့အတူ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါလာတဲ့ ချွေးမဖြစ်သူ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်က “ကိုယ့်နယ်မြေတိုးတက်အောင် လုပ်ပေးမယ့်သူကိုပဲ မဲပေးဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဦးခင်ရွှေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် အမှတ် ၉ ကနေ အရွေးခံခဲ့တာဖြစ်ပြီး မဲရာခိုင်နှူန်း ၇၄ ရာခိုင်နှူန်းကျော်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ ဖြစ်တဲ့ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ ကိုကိုးကျွန်းမြို့နယ်တွေကနေ အမျိုးသားလွှတ်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013