DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ရုံးချိန်ထပ်တိုးပေးရန် တရားခံရှေ့နေများ တောင်းဆို
DVB
·
September 26, 2015
လိပ်ကျွန်းအမှု ရုံးချိန်ထပ်တိုးပေးရန် တရားခံရှေ့နေများ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုကိစ္စမှာ ရုံးချိန်း ထပ်တိုးပေးဖို့ တရားခံရှေ့နေတွေဘက်က စတင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးရုံးချိန်းရက်မှာ တရားရုံးကို တောင်းဆိုလိုက်ပါတယ်။

တရာလိုတွေဘက်က စာရွက်စာတမ်းနဲ့ သက်သေအထောက်အထား ပစ္စည်းများစွာ တင်လာတဲ့အပေါ်  အချိန်ယူဆောင်ရွက်နိုင်ဖို့ တောင်းဆိုတာလို့ တရားခံတွေဘက်က ရှေ့နေ နခွန် ချုံဖူးချပ် က ပြောပါတယ်။

“နောက်ထပ်ရုံးချိန်းတိုးဖို့ တောင်းဆိုရတဲ့အကြောင်းရင်းကတော့ တရာလိုဘက်က စာရွက်စာထမ်းနဲ့ သက်သေအထောက်အထား ပစ္စည်းတွေ များစွားတင်လာလို့ပါ။ ဒါကြောင့် တရားခံရှေ့နေတွေက တရာလိုတွေတင်လာတဲ့ စွဲချက်တွေ တချက်ချင်းစီကို ခံပြောနိုင်အောင် ပြန်ပြီးစစ်ဆေးနိုင်အောင် တောင်းဆိုရတာဖြစ်ပါတယ်။ တရားရုံးကို နောက်ထပ်ရုံးချိန်း နှစ်ချိန်း တိုးပေးဖို့ တောင်းဆိုတယ်။ ဒါပေမယ့် တရားလိုတွေဘက်ကတော့ တချိန်းပဲ လိုချင်တယ်။ အကယ်လို့ နောက်ရုံးချိန်း နှစ်ချိန်းလောက် ပေးမယ်ဆိုရင် မျှတတ်တယ်လို့ ထင်တယ်လေး။”

တရားရုံးက တရားခံပြ သက်သေအဖြစ် ထိုင်းနိုင်ငံ မြန်မာသံရုံးက တာဝန်ရှိသူတွေကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဘာသာစကား ကွဲပြားပုံနဲ့ ဒီလိုအမှုမှာ ဘာသပြန်တဦးအနေနဲ့ ရှိသင့်တဲ့ အရည်အချင်းနဲ့ ကျင့်ဝတ်တွေကို ဘန်ကောက်မှာ မြန်မာစာပြဆရာမတစ်ဦး ဖြစ်တဲ့ ဒေါ်သူဇာနွယ်က တရားရုံးကို ထွက်ဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသား အန်ဒီဟော (Andy Hall) ကို တရားခံပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီး အန်ဒီဟောက အင်္ဂလန်မှာ  မှုခင်းကျွမ်းကျင်သူတွေနဲ့ စီစီတီဗွီကို စစ်ဆေးခဲ့ပါတယ်။

စီစီတီဗွီမှာ ပြေးနေတဲ့ပုံဟာ ၀င်းဇော်ထွန်း မဟုတ်ဘူးဆိုတဲ့အဖြေ ရခဲ့ပြီး သက်သေခံ စီဒီကိုလည်း တရားရုံးကို တင်လိုက်ပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး အခုတကြိမ်ဟာ တရားခံနဲ့ တရားခံပြသက်သေတွေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကော့်စမွီခရိုင်တရားရုံးက ဒီတခေါက် စစ်ဆေးမှုကို  စက်တင်ဘာ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ  ဆောင်ရွက်ခဲ့တာပါ။

ဒါကြောင့် တရားလိုတွေ တင်ပြလာတဲ့ သက်သေထောက်အထားတွေကို အချိန်ယူစစ်နိုင်ဖို့ ရုံးချိန်းထပ်တိုးဖို့ တရားခံရှေ့နေတွေဘက်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး လိပ်ကျွန်းပေါ်မှာ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013