DVB Logo
Home
မြန်မာသတင်း
ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ရန် အေဒီဘီက နှစ်စဉ်သုံးငွေ နှစ်ဆတိုးမည်
DVB
·
September 26, 2015
ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ရန် အေဒီဘီက နှစ်စဉ်သုံးငွေ နှစ်ဆတိုးမည်
Donate to DVB

အာရှ-ပစိဖိတ်ဒေသမှာ ရာသီဥတုပြောင်းလဲတာကြောင့် ဖြစ်လာတာတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ နှစ်စဉ်ဒေါ်လာ သန်း ၃၀၀၀ သုံးနေရာကနေ ၂၀၂၀ ပြည့်နှစ်မတိုင်ခင် သန်း ၆၀၀၀ အထိ တိုးမြှင့်သွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီအထဲက ဒေါ်လာသန်း ၄၀၀၀ ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စွမ်းအင်ဖူလုံမှု၊ သယ်ယူပို့ဆောင်ရေးနဲ့ ခေတ်မီမြို့ပြတည်ဆောက်ရေးတို့အတွက် ထောက်ပံ့သွားမှာပါ။ ဒါဟာ ရာသီဥတုပြောင်းလဲတာကြောင့် သက်ရောက်တာတွေ လျော့ပါးစေဖို့ ရည်ရွယ်တယ်လို့ အေဒီဘီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“လူပေါင်းများစွာရဲ့အသက်အိုးအိမ်တွေ၊ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်စေတဲ့ ရေကြီးမှု၊ မိုးခေါင်မှု၊ ပင်လယ်ရေမြင့်မှု၊ ရေခဲပြင်တွေ အရည်ပျော်မှုစတဲ့ ဘေးအန္တရာယ်တွေ များပြားလှတဲ့ အာရှ-ပစိဖိတ်ဒေသလောက် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်တဲ့နေရာ ဘယ်နေရာမှ မရှိဘူး” လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ ဥက္ကဋ္ဌ တာကဲဟိကို နာကာအိုက ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ဖို့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ၂၀၂၀ နြှစ်ကစပြီး နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ကျခံသွားဖို့ ကတိက၀တ်တွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013