DVB Logo
Home
မြန်မာသတင်း
မက္ကာဘုရားဖူး မြန်မာဟာဂျီ ၁၂ ဦး ပျောက်ဆုံးနေ
DVB
·
September 25, 2015
မက္ကာဘုရားဖူး မြန်မာဟာဂျီ ၁၂ ဦး ပျောက်ဆုံးနေ
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဟဂ်ျဘုရားဖူး မြန်မာဟာဂျီ ၁၂ ဦး ပျောက်နေတယ်လို့ မြန်မာဟာဂျီစေလွှတ်ရေး ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ နာမည်နဲ့အတိအကျ ပြောနိုင်တာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကနေ မဲနှိုက်စေလွှတ်တဲ့ မော်လ၀ီ ဦးကျော်သန်းပါတယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ မက္ကာမြို့မှာ ဟဂ်ျရားဖူးသူတွေ စက်တင်ဘာ ၂၄ ရက်နေ့က တိုးကြိတ်နင်းမိကြလို့ သေဆုံးခဲ့ကြပြီး စက်တင်ဘာ ၂၅ ရက်နေ့ထိ သေဆုံးသူ အနည်းဆုံး ၇၁၇ ဦး ရှိသွားပြီလို့ ဆော်ဒီအစိုးရအာဏာပိုင်တွေက ကြေညာပါတယ်။

ဒါဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး လူနင်းမိမှုပါ။ ဘုရားဖူး ၂ သန်းလောက် မက္ကာမြို့ကနေ မီနာမြို့မှာ ကျောက်တုံးပစ်ဖို့အသွား အခုလိုတိုးကြိတ် နင်းမိကြတာဖြစ်ပြီး ဘုရားဖူး အနည်းဆုံး ၈၀၅ ဦး ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။

ဟဂ်ျဘုရားဖူးသူတွေအနေနဲ့ ဟဂ်ျကျင့်စဉ် ၅ ရက်တာ ပြီးသွားပြီဖြစ်ပြီး ဒီနေ့မှာ မက္ကာမြို့ကနေ မဒီနာမြို့ကို ခရီးဆက်နေကြတဲ့အတွက် စာရင်းရဖို့ ခက်နေသေးတာပါ။

ဒီနှစ်မှာ ဆော်ဒီနိုင်ငံကို ဟဂ်ျဘုရားဖူးဖို့ မြန်မာနိုင်ငံက လူဦးရေ ၄ ထောင်လောက် သွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013