DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် သက်ငယ်မုဒိမ်းမှုဖြင့် တပ်မတော်သား စွပ်စွဲခံရ
DVB
·
September 25, 2015
စစ်တွေတွင် သက်ငယ်မုဒိမ်းမှုဖြင့် တပ်မတော်သား စွပ်စွဲခံရ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုသံသယနဲ့ နယ်မြေခံတပ်မတော်သားတဦး အမှုဖွင့်စစ်ဆေးခံနေရပါတယ်။

စစ်တွေအမှတ် (၁) ရဲစခန်းက ဒုရဲအုပ် အေးကျော်က “၂၂ ရက်နေ့ ကိုးလပိုင်း ၂၀၁၅ အချိန်ကတော့ ၂၂း ၀၀ အချိန် (ညဆယ်နာရီ) ပေါ့။ တပ်သားနေ၀င်းအောင်ပါ။ သူ့ကို ပြစ်မှုဆိုင်ရာဥပဒေ ၃၇၆ နဲ့ပါ။ မုဒိမ်းမှုပေါ့နော် ဖွင့်ထားပါတယ်။ ဆေးစစ်ချက် မထွက်သေးဘူး။”

ကလေးဟာ နဂိုကတည်းက ကျန်းမာရေးမကောင်းကြောင်းနဲ့ အခု ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သူက ပြောပါတယ်။

သူက “ဆေးကုသမှုခံယူနေရတယ်ဆိုတာက ၂ ပိုင်းပေါ့နော်။ ကျနော်တို့ကတော့ ကျန်းမာရေးပိုင်းနဲ့တော့ သေသေချာချာတော့ မသိဘူး။ ဒါပေမယ့်လည်း ၃၇၆ ကြောင့် အတွင်းလူနာအဖြစ် တက်ရတာလား။ ဒါမဟုတ်ရင်လည်း ပထမ ရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရတာလားဆိုတာကတော့ သဲသဲကွဲကွဲ မသိပါဘူး။ ” လို့ ပြောပါတယ်။

စစ်တွေအခြေစိုက် ခမရ ၃၅၄ တပ်ရင်းက စစ်သား နေ၀င်းအောင်က စစ်တွေမြို့ ဓည၀တီ (က) ရပ်ကွက်နေအိမ်မှာ အရက်မူးပြီး အိပ်နေတဲ့ ဖခင်နဲ့ မလှမ်းမကမ်းမှာ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း  ရခိုင်အမျိုးသမီး ကွန်ရက်က ဒေါ်ညိုအေးက ပြောပါတယ်။ ပြောပါတယ်။

“သိသွားတယ်ဆိုတာ ကလေးက ညဖက်ဖြစ်ပြီးတော့ မိုးလင်းတဲ့အခါမှ ကလေးက ငိုတယ်ပေါ့နော်။ နာနာကျင်ကျင် ခံစားတော့ ငိုတာပေါ့နော်။ အိမ်ဘေးနားကလူတွေ မေးတဲ့ အခါမှာမှ အဲဒီအမှုက ပေါ်လာတာ။ အခုတော့ သူကလည်း ၀န်ခံထားတယ်။ အဲဒီစစ်သားကလည်း ၀န်ခံထားတယ်ပေါ့နော်။ ”

ကလေးက နာကျင်လို့ အော်ငိုတဲ့အသံကြားတဲ့ အိမ်နီးနားချင်းတွေက ၀ိုင်းဝန်းမေးမြန်းရာ ကနေ ဒီအဖြစ်ဆိုး ဖြစ်ခဲ့တာကို သိခဲ့ရတာဖြစ်တယ်လို့ ဆေးရုံမှာ ကလေးကို သွားရောက် ကြည့်ရှုမေးမြန်းခဲ့တဲ့ ဒေါ်ညိုအေးက ပြောပြပါတယ်။

“ကလေးက လူမမာလေးပေါ့။ ကလေးက နဂိုကတည်းက အာဟာရ ချို့တဲ့ တဲ့ဒဏ်နဲ့ ၈ နှစ်က ငယ်ငယ်လေး ဖြစ်နေတယ်။ သူ့အိမ်မှာ သူ့အဖေလုပ်တဲ့သူက အရက်သောက်ထားတော့ မူးနေတယ်။ အရင်ကတည်းကလည်း စစ်တပ်က နေ၀င်းအောင် ဆိုတဲ့ ဒုတပ်ကြပ်ပေါ့နော်။ သူက အဲဒီအိမ်ကို အ၀င်အ ထွက်ရှိတယ်။ အဲဒီနေ့မှာ ကလေးအဖေလည်း ရှိတယ်။ ဒါပေမယ့် ကလေးအဖေက ရှေ့မှာ အိပ်လေ့ ရှိတယ်ပေါ့နော်။ အဲဒီကောင်လေးက အိမ်ပေါ် တက်အိပ်တယ်။ ငါ့အိမ် မလာနဲ့ နှင်လည်း မရဘူးပေါ့နော်။ ဟိုကောင်လေးကလည်း နည်းနည်းမူးတယ်။ အဲဒါနဲ့ပဲ ကောင်မလေးကို သူက တက်ပြီး စော်ကားတာပေါ့နော်။ စုတ်ပြတ်တဲ့ဒဏ်ရာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် ကလေးက အခု ဆေးရုံတက်နေရတယ်လေ။ ကျမတို့ အခုနကပဲ ဆေးရုံမှာ သွားကြည့်ပါတယ်။”

မိခင်ကွယ်လွန်ခဲ့ပြီး အဖေနဲ့အတူ နေထိုင်တဲ့ ကလေးမှာ ၁၃ နှစ်အရွယ် အစ်မတဦး ရှိပေမယ့် အစ်မက သူတပါးအိမ်မှာ အိမ်အကူ အလုပ်လုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013