DVB Logo
Home
မြန်မာသတင်း
ဖုန်းအားသွင်းရန်၊ အဖျော်ယမကာ ရေခဲစိမ်ရန်အတွက် Beachill ကမ်းခြေသုံး ဖျာ (ရုပ်သံ)
DVB
·
September 27, 2015
ဖုန်းအားသွင်းရန်၊ အဖျော်ယမကာ ရေခဲစိမ်ရန်အတွက် Beachill ကမ်းခြေသုံး ဖျာ (ရုပ်သံ)
Donate to DVB

ပင်လယ်ကမ်းခြေကို မသွားခင် ဖုန်းအားသွင်းဖို့ မေ့သွားခဲ့ရင်လည်း ဆက်သွယ်ရေး ပြတ်တောက်သွားစရာ မရှိတော့ပါဘူး။ ဒါကတော့ Beachill လို့ခေါ်တဲ့ ကမ်းခြေမှာ ခင်းထိုင်တဲ့ဖျာပါ။ နေရောင်ခြည်ကိုသုံးပြီး ဘက်ထရီ အားဖြည့်ပေးနိုင်ပါတယ်။ ဒီဖျာထဲမှာ အအေးခန်းစနစ် ထည့်ဆောက်ထားတာမို့ အဖျော်ယမကာတွေကို ရေခဲစိမ်လို့ရပါတယ်။ Beachill ဟာ မူလက တက္ကသိုလ်ပရော့ဂျက်တခုဖြစ်ပြီး လက်ဘနွန်ကျောင်းသား အန်တိုနီဆာယာ ဖန်တီးခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ကထိကတွေက သူ့ကို စီးပွားဖြစ်ထုတ်ဖို့ အကြံပြုတဲ့အတွက် ၂ ပတ်အတွင်း ဖျာအချပ်ရေ ၆၀ ရောင်းချနိုင်ခဲ့ပါတယ်။

"ဒီပရောဂျက်ကို စလုပ်နေချိန်မှာ လက်ဘနွန်က လူတွေပဲ ဒါကို သုံးမယ်လို့ ထင်ခဲ့တာ။ တကမ္ဘာလုံးက ကမ်းလှမ်းလာကြတော့ ကျနော် အရမ်းအံ့သြသွားတယ်။ ဘရာဇီး၊ တော်ရွန်တို၊ ဥရောပတိုက်ကဆိုရင် အထူးသဖြင့် ဖရန့်စ်၊ အမေရိက၊ အာဖရိကနဲ့ ကွန်ဂိုကတောင် ဖုန်းတွေဆက်ပြီး မှာကြတယ်။ ဒီလောက်ထိ ထင်မထားဘူး။"

ဆာယာရဲ့အဖွဲ့က တနေ့ကို ဖျာ ၁၀ ချပ်ပဲ ထုတ်လုပ်နိုင်တာမို့ ခုလို ၀ယ်လိုအား အဆမတန် မြင့်တက်လာတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေ လိုလာပါတယ်။ အစောဆုံး ဖောက်သည်တွေကတော့ ဒေါ်လာ ၁၅၀ ကုန်ကျတဲ့ ဒီဖျာတွေ သုံးစွဲရမှုအပေါ် စိတ်တိုင်းကျတဲ့အကြောင်း ပြောကြပါတယ်။

"ကမ်းခြေရောက်တိုင်း ဘက်ထရီအားသွင်းစက်ကို လိုက်ရှာရတာ အမော။ ဘယ်မှာမှ မတွေ့ဘူး။ အဲတော့ အဆင်ကို မပြေဘူး။ ဒီဖျာလေးကတော့ သိပ်ကောင်းတယ်။ အထဲမှာ အကုန်ပါတယ်။ စာအုပ်ထည့်စရာ အိတ်ကပ်လေးလည်းပါတယ်။ နေရာလည်းသိပ်မယူဘူး။"

Beachill က ရေလုံတဲ့အတွက် ရေကူးကန်တွေမှာလည်း သုံးနိုင်တယ်လို့ ဆာယာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013