DVB Logo
Home
မြန်မာသတင်း
ထိုင်းကြေးနီစက်ရုံ စစ်ဆေးမှု ရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရ
DVB
·
September 24, 2015
ထိုင်းကြေးနီစက်ရုံ စစ်ဆေးမှု  ရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနဘူရီခရိုင် ဟွေ့ကကျော်မြို့နယ်ထဲမှာ ကြေးနီနဲ့ သံရည်ကြိုစက်ရုံက မီးခိုးငွေ့တွေကြောင့် သဘာ၀၀န်းကျင် ပျက်စီးနေကြောင်း တိုင်ကြားချက်ရတဲ့ အတွက် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရင်း ရေ့ပြောင်းအလုပ်သမားတွေပါ အဖမ်းခံခဲ့ရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့က ဟွေ့ကကျော်မြို့နယ် ၀မ်းဖိုင်ရပ်ကွက်ထဲမှာရှိတဲ့ ခေါင်ဖစ်ခ်ျ ကြေးနီနဲ့ သံရည်ကြိုစက်ရုံကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့၊ လ၀ကရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ မြို့နယ်စက်မှုဇုန် စစ်ဆေးရေးမှူးတို့နဲ့အတူ သွားရောက်စစ်ဆေးရာမှာ စက်ရုံရဲ့ လုပ်ဆောင်ချက်တွေကို အမှန်တကယ် တွေ့ရှိခဲ့သလို  အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဟွေ့ကကျောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းထွတ်ဖွန်းကိုးမင်းက သတင်းထောက်ကို ပြောပါတယ်။

အဆိုပါ စက်ရုံက ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကျန်းမာရေးထိခိုက်နေတယ်လို့ ရွာသားတွေက တိုင်ကြားထားတာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေဟာ စက်ရုံအနီးတ၀ိုက်က ရေ၊ မြေကြီးနဲ့ အပင်တွေပါ ယူဆောင်ခဲ့ပြီး သိပ္ပံနည်းနဲ့ စစ်ဆေးမှာဖြစ်ကာ စစ်ဆေးမှု ရလဒ်မထွက်မချင်း စက်ရုံကို ပိတ်ထားဖို့ ညွှန်ကြား လိုက်ပါတယ်။

တရားမ၀င် အလုပ်သမားတွေကိုလည်း လိုအပ်သလို စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ တရားမ၀င်အလုပ်သမားတွေဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ သတင်းမှာ ဖော်ပြမထားပေ။ ကန်ချနဘူရီဘက်မှာ မြန်မာနိုင်ငံက မွန်နဲ့ ကရင်တိုင်းရင်းသားတွေ အများအပြား အလုပ်လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013