DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသ ၂ လအတွင်း ဖုန်းလိုင်းရစေမည်ဟု ကာချုပ် ကတိပြု
DVB
·
September 24, 2015
မော်ချီးဒေသ ၂ လအတွင်း ဖုန်းလိုင်းရစေမည်ဟု ကာချုပ် ကတိပြု
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့ ကယားပြည်နယ် မော်ချီးဒေသခရီးစဉ်မှာ  တယ်လီဖုန်းလိုင်းကိစ္စနဲ့ မြို့ပြအဆင့်မြှင့်တင်ပေးမယ့်ကိစ္စ ကတိပြု စည်းရုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မော်ချီး အထက ကျောင်းဝင်းမှာ လူထုတွေနဲ့ တွေ့ဆုံစဉ် ၂ လအတွင်း ဖုန်းလိုင်းတွေမိအောင် လုပ်ဆောင်ပေးမှာဖြစ်သလို မော်ချီးဒေသကို မြို့ပြဖြစ်အောင် ပြောင်းလဲပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဒေသခံတဦးက ပြောပါတယ်။

သူက “စည်းရုံးရေးပုံစံမျိုးလာတယ်ဗျာ။ ပြီးတော့ မော်ချီးဒေသကိုလည်း လူမှုရေးကားတစီးကို ထောက်ပံ့ပေးမယ်ပေါ့။ ပြီးတော့ မြို့အဖြစ်ပြောင်းလဲပေးမယ်။ နောက် ဒီ ၂ လအတွင်း ဖုန်းလိုင်းတွေလုပ်ပေးမယ်ဆိုပြီး ကတိက၀တ်ခံခဲ့တာတွေ ရှိပါတယ်။ ”

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့တာဝန်  တယ်လီဖုန်းလိုင်းကောင်းရေးကိစ္စနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန် မြို့ပြအဖြစ် အဆင့်မြှင့်တင်ရေးကိစ္စကို ဘယ်လုပ်ပိုင်ခွင့်နဲ့ ကတိပြုသွားတယ်ဆိုတာကိုတော့ မသိရပါဘူး။

ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့ကို ကြိုဆိုတဲ့ ကျောင်းသူကျောင်းသားတွေကို ၅ ထောင် ကျပ်စီ ပေးဝေသွားတယ်လို့ဆိုပါတယ်။

မွန့်လွဲပိုင်း မော်ချီးဒေသကနေ ထွက်ခွာသွားပြီး ဖားဆောင်းမြို့နဲ့ ဘော်လခဲမြို့တွေကိုလည်း သွားရောက်ပါတယ်။ ဘောလခဲမြို့ခရီစဉ်အပြီး လွိုင်ကော်မြို့ရှိ ကက်သလစ်သာသနာ ဗဟိုကျောင်းတိုက်ကို သွားရောက်ပြီး ဆန် ၅၀ အိတ်၊ ဆီ ၅၀ ပိဿာတို့ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ကာချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်ကျောင်းကို သွားရောက်ခဲ့သလို တပ်မတော်ဆေးရုံကို လည်း သွားရောက်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံတသတင်းထောက်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013