DVB Logo
Home
မြန်မာသတင်း
၂၀၁၀ လို ဂုဏ်သိက္ခာမဲ့သည့် ရွေးကောက်ပွဲမျိုးမဖြစ်ရန် တစညပါတီ တောင်းဆို
DVB
·
September 24, 2015
၂၀၁၀ လို ဂုဏ်သိက္ခာမဲ့သည့် ရွေးကောက်ပွဲမျိုးမဖြစ်ရန် တစညပါတီ တောင်းဆို
Donate to DVB

နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ကလို ဂုဏ်သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲမဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၂၇  နှစ်ပြည့် အထိမ်းအမှတ်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခုလို ပြောဆိုလိုက်တာပါ။

ဒါပေမယ့် လက်ရှိရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေပြုလုပ်ပြီးမှ ဒီနှစ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲထက် သိက္ခာရှိမယ့် ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဦးဟန်ရွှေက ပြောပါတယ်။

“၂၀၁၀ မှာ ဒီပွင့်လင်းမြင်သာမှုကို ကျနော်တို့မရဘူး။ ဒါရလာပြီ။ ပွင့်လင်းမြင်သာမှု ရှိလာရင် လွတ်လပ်မှုလည်း ရှိရမယ်။ တရားမျှတမှုလည်း ရှိရမယ်။ ကျနော်တော့ ဒီလို မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဟာတော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်သည့်တိုင်အောင် ၂၀၁၀ ထက်စာရင် အများကြီး အလားအလာကောင်းတဲ့ ချောမောပြေပြစ်မယ့် ရွေးကောက်ပွဲဖြစ်လာ လိမ့်မယ်လို့ ကျနော်တို့ပါတီက ဒီလိုပဲ ခံယူပါတယ်။”

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၄၅ ရက်သာလိုတော့တဲ့အချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ အမှားများနေတဲ့အတွက် ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သံသယဖြစ်တဲ့အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းစာ ရှင်းလင်းပွဲတခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဦးဟန်ရွှေက မဲစာရင်း မှန်ကန်ရေးဟာ အရေးကြီးတဲ့ ကိစ္စဖြစ်တာကြောင့် အားလုံးပူးပေါင်းပြီး မှန်ကန်တဲ့ မဲစာရင်းဖြစ်ဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ဒီနှစ်ကျင်းပတဲ့ ရွေးကောက်ပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၇၅၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီ ၀င်အင်အား ၅ သိန်းကျော်ရှိပါတယ်။

တစညပါတီကို  ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013